Pages

Pages

ပုသိမ်မြို့တွင် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်




MNP ၊ ဇူလိုင် ၁၁

ပုသိမ်မြို့တွင် ယနေ့ နံနက်ပိုင်းက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၄ဦးကို သက်ဆိုင်ရာ တာဝန်ရှိသူများက စိစစ်ပြီး မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

PDF အပါအဝင် လက်နက်ကိုင်အဖွဲ့များအတွင်း ရောက်ရှိနေသူများ လက်နက်အပ်နှံပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်ပါက လက်နက်အမျိုးအစားပေါ်မူတည်၍ ဆုငွေများ ချီးမြှင့်ပေးလျက်ရှိသည်။

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ CRPH, NUG အကြမ်းဖက်အဖွဲ့များနှင့် ပြည်ဖျက်မီဒီယာများဖြစ်သည့် BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now အစရှိသော ပြည်ဖျက်မီဒီယာများ၏ လုပ်ကြံဖန်တီးရေးသားမှုများနောက်တွင် နားယောင်ကာ လိုက်ပါပြီး PDF အကြမ်းဖက်အဖွဲ့ဝင် ဖြစ်ခဲ့ကြသူများ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိရာ ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ မော်လမြိုင်တို့တွင် PDF အဖွဲ့ဝင် စုစုပေါင်း ၅၀၀ ကျော်ခန့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြပြီး ဖြစ်သည်။

အကျဉ်းကျခံနေရသည့် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း အပြစ်မဲ့ ပြည်သူများအား သတ်ဖြတ်နေသည့် PDF, NUG အကြမ်းဖက်အဖွဲ့များကို အသိအမှတ်မပြုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ်က သူမ၏ သဘေားကို ပြောဆိုခဲ့သည်။


#MyanmarNationalPost

No comments:

Post a Comment