ပေါင်မြို့နယ်တွင်မွေးမြူရေးနှင့်ကုသရေး အကြောင်း အသိပညာပေး ( Talk Show ) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင်မွေးမြူရေးနှင့်ကုသရေး အကြောင်း အသိပညာပေး ( Talk Show ) ပြုလုပ်


MNP ၊ ဇူလိုင် ၁၂

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေး အကြောင်း  အသိပညာပေး ( Talk Show ) ပြုလုပ်ကျင်းပခြင်းကို ယနေ့နံနက် ( ၈း၃၀ )နာရီကပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က (Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပေါင်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာသက်နိုင်က  တစ်နိုင်ငံလုံးအသားကဏ္ဍတိုးတက်ရေးကိုလည်း‌‌ကောင်း ၊ ကျေးလက်ဒေသဖွံ့ဖြိူးရေးနှင့်ဆင်းရဲနွမ်းပါးမှုလျော့ချရေး လုပ်ငန်းများတွင် မွေးမြူရေး ကုန်ထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိုလည်းကောင်း၊ ကျေးလက်ဒေသစီးပွားရေးဖွံ့ဖြိုးမှုကို တစ်နိုင်တစ်ပိုင်မွေးမြူထုတ်လုပ်မှု အဆင့်အတန်းနှင့်ညီညွတ်မှုရှိရန်ဆောင်ရွက်နေသည့်အချက်များ စသည့် အကြောင်းအရာများကို  ဆွေးနွေးခဲ့ပါသည်။


ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)