အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး Talk Show ပြုလုပ်


MNP ၊ ဇူလိုင် ၂၄      

အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေး Talk Show အစီအစဉ်ကို မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်  ၁၀ နာရီအချိန်က ရိုက်ကူးဆောင်ရွက်ခဲ့ကြသည်။


အသေးစား စက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်၊ အသက်မွေးဝမ်းကျောင်း ပညာများလေ့ကျင့်သင်ကြားပေးရန်နှင့် စနစ်တကျ မှတ်ပုံတင်ဆောင်ရွက်ပေးခြင်းတို့ကို ပြည်သူလူထုကျယ်ကျယ်ပြန့်ပြန့်သိရှိစေဖို့ ရည်ရွယ်ချက်ဖြင့် ရိုက်ကူးဆောင်ရွက်ခြင်းဖြစ်သည်။


Talk Show အစီအစဉ်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်နှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သူသူစံတို့က အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန် ဆောင်ရွက်ပေးနေသည့်လုပ်ငန်းများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ မှတ်ပုံတင်ဆောင်ရွက်ရမည့် လုပ်ငန်းအမျိုးအစားများနှင့် သတ်မှတ်ချက်များအတိုင်းဆောင်ရွက်ပြီး စားသောက်ကုန်၊ လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများကို ဘေးအန္တရယ်ကင်းရှင်းအောင် ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ပေးခြင်း အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။  


ပြည်သူလူထု မိသားစုဝင်ငွေတိုးပွားရေး၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးပွားရေး စီမံကိန်းကို (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ မြိတ်ခရိုင် မြိတ်မြို့နယ်အတွင်း ကျေးရွာ(၃)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  အသေးစားစီးပွားရေး ကုန်ထုတ်လုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန်၊ အသက်မွေး ဝမ်းကျောင်းကာလတို သင်တန်းများကိုလည်း  ကျွမ်းကျင်သည့်သင်တန်းနည်းပြများမှ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


ခိုင်ထူး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)