နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး (Talk Show) ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး (Talk Show) ဆောင်ရွက်


MNP ၊ ဇူလိုင် ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးခြင်း အစီအစဉ်များ၊ ဖျော်ဖြေရေး အစီအစဉ်များနှင့် ကျန်းမာရေးလှုပ်ရှားမှု အစီအစဉ်များကို Online မှတဆင့် ပြည်သူများထံ အသိပညာပေးဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီခွဲတွင် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး (Talk Show) အစီအစဉ်ကို မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ အစီအစဉ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းချိုသန္တာလွင်နှင့် မြို့နယ်ဥပဒေရုံးမှ ဒုတိယဥပဒေအရာရှိ ဒေါ်နန်းနှင်းပန်းဖြူတို့က လူကုန်ကူးခံရခြင်း အကြောင်းအရင်းများ၊ လက်ရှိလူကုန်ကူးမှုဖြစ်ပွားနေမှု အခြေအနေများနှင့် လူကုန်ကူးခံရမှုပုံစံအမျိုးမျိုး၊ လူကုန်ကူးခံရမှုမှ ကင်းဝေးစေရန်ဆောင်ရန်၊ ရှောင်ရန်များနှင့် လူကုန်ကူးမှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို  အသိပညာပေး ဆွေးနွေးခဲ့ကြသည်။


အဆိုပါ (Talk Show) အစီအစဉ်ကို နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက် (Facebook Page) နှင့် ရွှေနမ့်လတ် (Facebook Page) တို့တွင် ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်ထံမှ သိရသည်။


သူရအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment