ပေါင်မြို့နယ်တွင် ရာသီတုပ်ကွေးရောဂါအကြောင်း အသိပညာပေး ( Talk Show ) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ရာသီတုပ်ကွေးရောဂါအကြောင်း အသိပညာပေး ( Talk Show ) ပြုလုပ်


MNP ၊   ဇူလိုင် ၆

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင်  ရာသီတုပ်ကွေးရောဂါအကြောင်း  အသိပညာပေး ( Talk Show ) ပြုလုပ် ကျင်းပခြင်းကို ယနေ့နံနက်ပိုင်းက  ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က (Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး  မြို့နယ်တိုင်းရင်းဆေးကုဌာန၊မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်မျိုးအေးက  မိုးဦးကာလနှင့်မိုးနှောင်းကာလများတွင် ရာသီတုပ်ကွေးဖြစ်ပေါ်လာရသည့် အကြောင်းအရာများ၊ရာသီတုပ်ကွေးရောဂါလက္ခဏာများဖြစ်သည့် ကိုယ်အပူချိန်မြင့်တက်လာခြင်း၊ခေါင်းကိုက်ခြင်း၊ကိုယ်လက်မအီမသာဖြစ်ခြင်း၊ချမ်းစိမ့်စိမ့်ဖြစ်ခြင်း၊မျက်စေ့နှင့်မျက်သားနီရဲခြင်း၊ဝမ်းချုပ်ခြင်း စသည့်များအပြင်  တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ဆောင်ရန်၊ရှောင်ရန်အချက်များကိုပြည်သူများလိုက်နာဆောင်ရွက်ကြရန် စသည့်အကြောင်းအရာများကို  ဆွေးနွေးခဲ့ပါသည်။


ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူ အကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)