MNP ၊ ဇူလိုင် ၃၀
အိန္ဒိယနိုင်ငံ၌ရောက်ရှိနေသာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဦးဆောင်သောအဖွဲ့သည် ၂၈-၇-၂၀၂၃ ရက်နေ့က ဘန်ဂလောမြို့ရှိ UIDAI ၏ နည်းပညာဗဟိုဌာနသို့ သွားရောက်လေ့လာကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား UIDAI နည်းပညာဗဟိုဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Tanusree Deb Barma နှင့် လုပ်ငန်းတာဝန်ခံများက နည်းပညာဗဟိုဌာန (ဘန်ဂလော)၌ UIDAI ၏ Aadhaar စနစ်ဖြင့် နည်းပညာဆိုင်ရာလုပ်ငန်း များဆောင်ရွက်နေမှု၊ Aadhaar စနစ်နှင့်ပတ်သက်၍ အချက်အလက်များထည့်သွင်းခြင်းနှင့် အထောက်အထားစိစစ်ခြင်း လုပ်ငန်း များကို စဉ်ဆက်မပြတ် တိုးတက်စေရေးဆောင်ရွက်နေမှု၊ Aadhaar စနစ်၏ အကျိုးသက်ရောက်မှုများနှင့် ပတ်သက်၍ နည်းပညာဗဟိုဌာနမှ စစ်ဆေးအကဲဖြတ်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နည်းပညာဗဟိုဌာန Network Operation Center (NOC) အတွင်း Aadhaar စနစ်အား ၂၄ နာရီ ကွပ်ကဲထိန်းချုပ်မှု လက်တွေ့ဆောင်ရွက်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှုလေ့လာကြပြီး လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘန်ဂလောမြို့ Electronic City ရှိ International Institute of Information Technology Bangalore (IIIT-B) သို့ ရောက်ရှိရာ Professor. Debabrata Das နှင့် တာဝန်ရှိသူများက IIIT-B တည်ထောင်ထားရှိမှုနှင့် မြန်မာနိုင်ငံတွင်လည်း သတင်းအချက်အလက်နည်းပညာတက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်မှု၊ Modular Open Source Identity Platform (MOSIP) နည်းပညာဆိုင်ရာများကို နိုင်ငံအချို့နှင့် ချိတ်ဆက်ပံ့ပိုး ကူညီ ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ၏ e-ID စနစ်လုပ်ငန်းတွင် နှစ်နိုင်ငံအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရာ၌ ပံ့ပိုးကူညီပေးနိုင်ရေးအခြေအနေများကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။
#MyanmarNationalPost

No comments:
Post a Comment