ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) အကောင်အထည်ဖော်နိုင်ရေး ကျေးရွာကော်မတီဝင်များအား သင်တန်းပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) အကောင်အထည်ဖော်နိုင်ရေး ကျေးရွာကော်မတီဝင်များအား သင်တန်းပို့ချ


MNP ၊ ဇူလိုင် ၁၂

၂၀၂၃-၂၀၂၄ ဘဏ္ဏာနှစ်တွင် မွန်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ချောင်းဆုံ မြို့နယ်ရှိ ကျေးရွာ(၅)ရွာတွင် ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းများရေးဆွဲ၍ တစ်ရွာလျှင် နိုင်ငံတော်မှထောက်ပံ့ငွေ ကျပ်(၁၅)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်သည့်အတွက် ဇူလိုင်လ ၁၁ ရက်နေ့က မြို့နယ်(ကျေး/လက်)ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျေးရွာ(၅)ရွာမှ ကော်မတီဝင်များအား   သင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းဆောင်ရွက်မည့် မုရစ်ကြီး၊ ကရင်ဝင်းစိန်၊ ရွာလွတ်၊ ကမာမို၊ ဒေါင်းဥကျေးရွာများမှ ကော်မတီဝင် သင်တန်းသား/သူ (၁၅)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းတွင် (AVIP) ရေးဆွဲနည်း၊ (VDP) စီမံကိန်းနှင့် ပတ်သက်၍ လိုအပ်သည်များကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းမော်နှင့် ဝန်ထမ်းများက သင်ကြားပို့ချကာ အပြန်အလှန် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)