လှည်းကူးမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူးမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး


MNP ၊ ဇူလိုင်   ၃၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးခန့်ဇော်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့်တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာအုပ်စု၊ ရွာတန်းရှည်ကျေးရွာသို့ ဇူလိုင်လ(၂၉)ရက်နေ့က သွားရောက်ကာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ကြည့်ရှုစစ်ဆေးရာတွင်လည်း တိုင်း၊ ခရိုင်နှင့်မြို့နယ် တာဝန်ရှိသူများမှ ကျေးလက်ဒေသလုပ်ငန်းများကိုတင်ပြခဲ့ကြရာ အမြဲတမ်းအတွင်းဝန်မှလည်း ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းနှင့်မိုးစပါးစိုက်သည့် တောင်သူများ၏ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


လှည်းကူးမြို့နယ်အတွင်း ၂၀၂၃-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ရေရှိရေးလုပ်ငန်း(၁၃)ခုကို ငွေကျပ်(၂၅၃.၆၉၇)သန်း၊ ကျေးလက်ကုန်ထုတ်လမ်း(၆)ခုကို ငွေကျပ်(၃၆၁.၅၁၇)သန်း၊ Box Culvert(၂)စင်းကို ငွေကျပ်(၁၇)သန်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း(၁)ယူနစ်ကို ငွေကျပ်(၃၀)သန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)လုပ်ငန်း(၈)ခုကို ငွေကျပ်(၁၂၀)သန်းနှင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်း(၃)ကြိမ်ကို ငွေကျပ်(၅.၅)သန်းတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း လှည်းကူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


အေးအေးနွဲ့

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)