MNP ၊ ဩဂုတ် ၂၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ဦးတည်အုပ်စု (၆)အုပ်စုအတွင်းရှိ ဝန်ထမ်းများ၏ Biometric အချက်အလက်များအား ဇွန်လ ၂၂ ရက်နေ့မှစ၍ ကောက်ယူခဲ့ပြီး ဝန်ထမ်းမိသားစုဝင်များနှင့် ကျောင်းသား/ကျောင်းသူများအား ဆက်လက် စာရင်းကောက်ယူခဲ့ရာ ယမန်နေ့အထိ ကျား(၂၃၉၈)ဦး၊ မ(၂၇၆၃)ဦး စုစုပေါင်း (၅၀၆၁)ဦး စာရင်းကောက်ယူ ပြီးစီးပြီဖြစ်သည်။
အဆိုပါ Biometric အချက်အလက်များကို ယနေ့တွင် အခြေခံပညာကျောင်း (၁၅)ကျောင်းမှ ကျောင်းသား/ကျောင်းသူများအား ဆက်လက်ကောက်ယူလျက်ရှိပြီး ဦးတည်အုပ်စုအလိုက် စာရင်းကောက်ယူမှုပြီးစီးပါက ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်ခွင့်ရှိသူအားလုံးအား Electronic စနစ်ဖြင့် National ID(NID) ထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment