ရွှေတောင်မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေး







MNP ၊  ဩဂုတ်  ၁၉

ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်တည် / ကော်ပါဌာနဆိုင်ရာအကြီးအကဲများက ယမန်နေ့ နံနက် ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။


အဆိုပါ စစ်ဆေးရာတွင် ရွှေတောင်မြို့နယ် နွားမယံကျေးရွာအုပ်စု၊လေးကျွန်းဆီမီးကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃- ၂၀၂၄ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၄.၅"OPVC၄၀၀စက်ရေတွင်းတူးဖော်နေမှုနေမှုအခြေအနေများ၊ ရွှေတောင်မြို့နယ် ကြို့ကုန်းအုပ်စု၊ပေကုန်းကျေးရွာတွင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ၂၀၂၃- ၂၀၂၄ခုဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အကျယ် ( ၁၈)ပေထု၊( ၁၄)လက်မ ရှည် (၀/ ၄)မိုင်ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ရွှေတောင်မြို့နယ် ကံသုံးဆင့်ကျေးရွာအုပ်စု၊ကံသုံးဆင့်ကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်မိုးစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေများ၊ ရွှေတောင်မြို့နယ် 

တောဟိုင်ကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်မိုးစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေများ၊ ရွှေတောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏၂၀၂၃- ၂၀၂၄ခုဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့​ကြသည်။


ထိုသို့ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်တည် / ကော်ပါဌာနဆိုင်ရာအကြီးအကဲများ ကွင်းဆင်း စစ်ဆေးကြည့်ရှုရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်တည် / ကော်ပါဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာလုပ်ငန်းအလိုက် လုပ်ငန်းအကောင်ထည်ဆောင်ရွက်နေမှုအ​​ခြေအနေများအားရှင်းလင်းတင်ပြရာပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းအောင်က လိုအပ်သည်များ ကိုလမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)