MNP ၊ ဩဂုတ် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မြို့မဈေးကြီးအတွင်းတွင် တရုတ်နိုင်ငံတွင် စိုက်ပျိုးသည့် သလဲသီးများ ဈေးကွက်အတွင်း အရောင်းအဝယ်ကောင်းနေကြောင်း သိရသည်။
တရုတ်နိုင်ငံမှ တင်သွင်းလာသည့် သလဲသီးများမှာ တစ်လုံးလျှင် တစ်ထောင့်ငါးရာကျပ်ထိ ဈေးရှိပြီး မြန်မာနိုင်ငံတွင် စိုက်ပျိုးဖြစ်ထွန်းသည့် သလဲသီးများထက် အရောင်ပိုနီကြောင်း သိရသည်။
သလဲသီးကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် ရောဂါဖြစ်နိုင်ခြေလျှော့ချပေးခြင်း၊ ကျန်းမာရေးအတွက် အမျှင်ဓါတ်၊ အသားဓါတ်၊ ဗီတာမင်စီ၊ ဗီတာမင်ကေ၊ ဖော်လစ်အက်ဆစ်၊ ပိုတက်ဆီယမ်ဓါတ်များ ပါဝင်သည့်အပြင် နာတာရှည်ရောင်ရမ်းသည့် ရောဂါဖြစ်ပွားနေသူများအတွက် အရောင်ကျစေခြင်း၊ ရောင်ရမ်းခြင်းကြောင့် ခံစားနေရသည့် ဝေဒနာများကို သက်သာစေနိုင်ခြင်း၊ ဆီးကျိတ်ကင်ဆာဆဲလ်ပြန့်ပွားမှုကို နှေးကွေးစေခြင်း၊ သွေးပေါင်ချိန်လျှော့ချပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း လေ့လာသိရှိရသည်။
စိုင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment