မော်လမြိုင်မြို့ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါးတာဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပမော်လမြိုင်မြို့ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါးတာဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မော်လမြိုင်မြို့ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါးတာဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပမော်လမြိုင်မြို့ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါးတာဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ





MNP ၊  ဩဂုတ်  ၂၈

မော်လမြိုင်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၉) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မော်လမြိုင်) တို့ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါးတာဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နေ့လယ်ပိုင်းက အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် အမှတ် (၈) အခြေခံပညာအထက်တန်း‌ကျောင်း ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်မူးယစ်ဆန့်ကျင်ရေးအသင်းမှ ဦးသန်းဝင်းက မူးယစ်ဆေးဝါးမသုံးစွဲမိစေရန် လိုက်နာသင့်သည့်အချက်များ၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများကိုလည်းကောင်း၊ အမှတ် (၉) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မော်လမြိုင်) မှ ဒုရဲမှူး ကျော်ဝဏ္ဏက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပါ ပြစ်မှုပြစ်ဒဏ်များနှင့် ဖော်ထုတ်ဖမ်းဆီး အရေးယူဆောင်ရွက်နေသည့် လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးခံရနိုင်သည့် အသက်အရွယ် အမျိုးအစားနှင့်၊ လူကုန်ကူးခံရပါက ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုးများအကြောင်းတို့ကိုလည်ကောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာက  ကျောင်းသား၊ ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတအကြောင်းအရာများ၊ စာဖတ်ခြင်းကြောင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ကျောင်းသား၊ ကျောင်းသူများကသိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အကြောင်းအရာ ဥပဒေပြဋ္ဌာန်းချက် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ပြသထားသော နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည်ရှုခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)