MNP ၊ ဩဂုတ် ၄
မွန်ပြည်နယ် ၊ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊(Community. Centre)ခန်းမ၌ယနေ့နံနက်(၁၁)နာရီကဝန်ထမ်းများလုပ်ငန်းခွင် အရည်အသွေး မြင့်မားစေရန် ၊မိမိတို့လုပ်ငန်းတာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်တတ်စေရန် ရည်ရွယ်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှရေးသားသည့် ဝန်ထမ်းကျင့်ဝတ် စာအုပ်ကို စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်မာလာအောင်က ဝန်ထမ်းကျင့်ဝတ် အခန်း(၅)မှအငြိမ်းစားယူခြင်း၊ပင်စင်အမျိုးအစားများ၊ပင်စင်နှင့်လုပ်သက်ဆုငွေအကြောင်း ၊စာကြည့်တိုက်လက်ထောက်- ၃ ဒေါ်မိယဉ်ယဉ်မွန်က လုပ်သက်ဆက်စပ်ခြင်း၊လုပ်သက်ကာလဖြည့်စွက်ရေတွက်ခွင့်ပြုခြင်း၊မိသားစုပင်စင်ခံစားခွင့်အကြောင်း တို့ကိုဝန်ထမ်းများနှင့်အပြန်အလှန်ဆွေးနွေး ခဲ့ကြပါသည်။
ပေါင်မြို့နယ် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းများ လုပ်ငန်းခွင်အရည်အချင်းပြည့်ဝစေရန် ဝန်ထမ်း စာဖတ်ဝိုင်းများကို လစဥ်ပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment