စစ်ကိုင်း-မုံရွာ လမ်းကြောင်းတွင် ခရီးသွားပြည်သူများ ဘေးအန္တရာယ် ကင်းစေရန် လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့ကြသော ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် က ဂုဏ်ပြု - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်ကိုင်း-မုံရွာ လမ်းကြောင်းတွင် ခရီးသွားပြည်သူများ ဘေးအန္တရာယ် ကင်းစေရန် လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့ကြသော ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် က ဂုဏ်ပြု






MNP ၊ သြဂုတ် ၉

စစ်ကိုင်-မုံရွာလမ်းကြောင်းတစ်လျှောက်တွင် ပြည်သူများ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သွားလမ်း လာလမ်း ဖြောင့်ဖြူးစေရန် ရောင်းပန်းဝယ်ပန်းသာယာစေရန် လုံခြုံရေးတာဝန်များကို စေတနာအပြည့်ဝဖြင့် ပူးပေါင်းတာဝန်ထမ်းဆောင်ခဲ့ကြသော ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်မှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ ဂုဏ်ပြုပွဲအခမ်းအနားကို ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာ၊ သာသနာ့အလင်းရောင်း ကျောင်းတိုက်တွင် ယနေ့ ကျင်းပခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၏ ဂုဏ်ပြုမှုအပေါ် ဆရာတော်ဦးဝါသဝ က ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ဖို့၊ တောင်သူများ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်နိုင်စေဖို့၊ ဆရာ/ဆရာမများ စာသင်ကြားနိုင်စေဖို့ ကာကွယ်စောင့်ရှောင်ပေးနေခြင်းဖြစ်ပြီး ရှေ့ဆက်ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်သွားကြရန် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို အားပေးစကားပြောကြားပြု ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့သည်။

အကျိုးတော်ဆောင် ဒေါ်မိုးသူဇာက ပြည်သူ့စစ် ညီအစ်ကိုများအနေဖြင့် ကိုယ့်ရပ်ကိုယ့်ရွာကိုသာမက အခြားအရပ်ဒေသအတွက်ပါ ခရီးသွားပြည်သူများ ဘေးကင်းစေရေး သွားရောက်ကာကွယ်ဆောင်ရွက်ပေးနိုင်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ဆက်လက်၍လည်း အမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ပေးနိုင်ကြပါစေကြောင်း ဂုဏ်ပြုစကား ပြောကြားသွားသည်။

ဆရာတော်ဦးဝါသဝ ၏ သာသနာ့အလင်းရောင်ကျောင်းတိုက်တွင် ပြည်သူစစ်တပ်ဖွဲ့ဝင်များအား ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကျွေးမွေးပြီး ဂုဏ်ပြုခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)