Pages

Pages

ပေါင်းတည်မြို့၌ စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းများ ခင်းကျင်းလျက်ရှိ


MNP ၊  ဩဂုတ်  ၂၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် မြို့ပေါ်ရပ်ကွက်များလမ်းများကို ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ကွန်ကရစ်လမ်း ၂ လမ်း ခင်းကျင်းပြီးစီး၍ လက်ရှိအချိန်တွင် မင်းကွက်(၁)ရပ်ကွက်ရှိ ၁၄ လမ်းမှာ ဆက်လက်ခင်းကျင်းဆဲဖြစ်ကြောင်း သိရသည်။


ခင်းကျင်းပြီးစီးခဲ့သော လမ်းများမှာ ၁၁၆၃ ပေ ရှည်လျားသောလမ်းနှင့် ၆၇၀ ပေ ရှည်လျားသော ကွန်ကရစ်လမ်းများဖြစ်ကြောင်း၊ ယခု ခင်းကျင်းဆဲလမ်းမှာ လုပ်ငန်း၏ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးလျက်ရှိပြီး လမ်းအရှည်မှာ ပေ ၆၀၀ ရှိကြောင်း၊ ကောင်းထက်သန့်ကုမ္ပဏီ၊ တာဝန်ခံအင်ဂျင်နီယာ ဒေါ်ခင်ခင်ကျော် (BE.Civil)က တာဝန်ယူ ဖောက်လုပ်လျက်ရှိကာ လမ်းအကျယ် ၁၂ ပေနှင့် အမြင့် ၈ လက်မ ရှိမည်ဖြစ်ကြောင်း သိရသည်။


သူရကြီး

https://t.me/MyanmarNationalPost




No comments:

Post a Comment