Pages

Pages

ရှင်ဉပဂုတ္တမင်္ဂလာကန်တော် ဘက်စုံအကြီးစားပြင်ဆင်ခြင်းလုပ်ငန်း ပြီးမြောက်ခြင်းအထိမ်းအမှတ် ငါးလွှတ်ပွဲအခမ်းအနား ကျင်းပ





MNP ၊  ဩဂုတ်  ၂၃

ရွှေတိဂုံစေတီတော်အောက်ပစ္စယာ အနောက်တောင်ဘက်ရှိ ရှင်ဉပဂုတ္တမင်္ဂလာကန်တော်မြေနေရာ၌ ယမန်နေ့ နံနက် ၉ နာရီတွင် ရှင်ဉပဂုတ္တမင်္ဂလာကန်တော် ဘက်စုံအကြီးစားပြင်ဆင်ခြင်းလုပ်ငန်း ပြီးမြောက်ခြင်းအထိမ်းအမှတ် ငါးလွှတ်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ရုံးအဖွဲ့မှူး၊ ဒုတိယရုံးအဖွဲ့မှူးများ၊ ဌာနမှူးများ၊ဝန်ထမ်းများနှင့် အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။


ဉီးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် အလှည့်ကျသဘာပတိ ဉီးလှမြင့်က ရှင်ဉပဂုတ္တမင်္ဂလာကန်တော်ဘက်စုံအကြီးစား ပြင်ဆင်ခြင်းလုပ်ငန်း ပြီးမြောက်ခြင်းအထိမ်းအမှတ် ငါးလွှတ်ပွဲအခမ်းအနားနှင့်ပတ်သက်၍ အဖွင့်စကား ပြောကြားခဲ့သည်။


ဆက်လက်၍ အလှူရှင်များအား ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက ထုတိအနုမောဒနာဂုဏ်ပြုလွှာပေးအပ်ခဲ့ပြီး မင်္ဂလာကန်တော်အတွင်း သတ်မှတ်နေရာများတွင် နေရာယူလျက် ငါးလွှတ်ပွဲအခမ်းအနားကို ကျင်းပခဲ့ကြသည်။


ထို့နောက်အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


အောင်မြင့်

https://t.me/MyanmarNationalPost




No comments:

Post a Comment