MNP ၊ ဩဂုတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရာဇဂြိုလ်ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးရဲကျော်သူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဒေါ်အေးမာလွင်က အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ တာဝန်ခံလက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုထူးက လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူးဒေါ်ဂျူးဂျူးမက အားကစားဆိုင်ရာများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးမဥ္ဇူက လူငယ်ရေးရာအသိပညာပေး အကြောင်းအရာများကိုလည်းကောင်း၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် နည်းပြဦးမောင်မောင်ခင်က ဂျူဒိုအားကစားနည်း အကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့ကြသည်။
ထို့နောက် ကျောင်းသား/သူများက ဂျူဒိုအားကစားနည်း၊ ဝူရှူးအားကစားနည်း၊ မြန့်မာ့သိုင်းအားကစားနည်းများဖြင့် သရုပ်ပြသခဲ့ရာ တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။ ဆက်လက်၍ အားကစားအထောက်အကူပြုပစ္စည်းများအား လှူဒါန်းပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။
အေးမဥ္ဇူ
https://t.me/MyanmarNationalPost
No comments:
Post a Comment