ကွန်ဟိန်းမြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွန်ဟိန်းမြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း





MNP ၊ သြဂုတ်  ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ်(၅)ရပ်ကွက်အတွင်းရှိ နားဆေကျောင်းတိုက်၌ ယမန်နေ့ ညနေ ၃ နာရီခန့်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင် ဦးဆောင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ စုပေါင်း၍ သံယာတော်များ ဝါတွင်းကာလအတွင်း စိတ်ချမ်းမြေ့စွာ သီတင်းသုံးနိုင်ရန်အတွက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပသည်။


ရှေးဦးစွာ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဉက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ဩကာသကန်တော့ကျိုးဖြင့် ရှိခိုးပူဇော်ကန်တော့ ကြပြီး နားဆေကျောင်းတိုက်ဆရာတော် ကုမာရထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး  ဆရာတော်မှ ချီးမြှင့်တော်မူသောတရားတော်များကို နာယူကြသည်။


ထို့နောက် ဝါဆိုသင်္ကန်းများ၊ နဝကမ္မအလှူတော်ငွေများနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)