ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး


MNP ၊  ဩဂုတ်  ၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)ဖြင့် မြို့နယ်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းပြုလုပ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ ခနောင်တိုအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံး ဝန်ထမ်းများမှ ဆောင်ရွက်ပေးလျက်ရှိသည်။


ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှမြို့နယ်ဦးစီးမှူး ဦးကျော်ခင်ဦးဦးဆောင်၍ ဝန်ထမ်းများက ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား အသစ်၊ လဲလှယ်ခြင်းပြုလုပ်ရာတွင် သိသင့်သိထိုက်သည့်အချက်များ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားကိုင်ဆောင်သူများ၏ ရပိုင်ခွင့်များ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားကိုင်ဆောင်သူတို့ လိုက်နာရမည့် စည်းကမ်းချက်များ၊ အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်ခြင်း၏ အရေးပါပုံနှင့်


မိမိကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး၊ ပျောက်ဆုံးပါက သက်ဆိုင်ရာမြို့နယ် ဦးစီးဌာနမှူးရုံး ဆက်သွယ်၍ပြုလုပ်နိုင်ကြောင်း ရပ်ကွက်နေပြည်သူများအား အသိပေးပြောကြားကာ သတ်မှတ်အထောက် အထားပြည့်စုံစွာဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများပြုလုပ်ပေးလျက်ရှိသည်။


ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်ရှိပြီး လူဦးရေလေးသောင်းကျော် နေထိုင်လျက်ရှိရာ အကြောင်းအမျိုးမျိုးဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်၊ လဲလှယ်ခြင်း မပြုလုပ်ရသေးသူများကို ယခုကဲ့သို့ သက်ဆိုင်ရာရပ်ကွက်အလိုက် ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။


ဝေယံ 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)