စိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံသည့် အသက်မွေးဝမ်းကျောင်းပညာရပ် ကျွမ်းကျင်သော လူအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးကြိုးပမ်းအကောင်အထည်ဖော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံသည့် အသက်မွေးဝမ်းကျောင်းပညာရပ် ကျွမ်းကျင်သော လူအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးကြိုးပမ်းအကောင်အထည်ဖော်


MNP ၊ ဩဂုတ် ၂၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ၂၅-၈-၂၀၂၃ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးအင်းစိန်မြို့နယ် မွေးမြူရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန ရုံးဝင်းအတွင်း တိရစ္ဆာန်ဆေးကု ဒီပလိုမာသင်တန်းကျောင်း ဖွင့်လှစ်ရန်ပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် သင်တန်းကျောင်းဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှု၊ တိရစ္ဆာန် ဆေးကုဒီပလိုမာသင်တန်းကျောင်း၊ တိရစ္ဆာန်ကုသမှုလေ့ကျင့်သင်ကြား ရေးဆေးရုံ၊ စာသင်ဆောင်၊ အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးကာ သင်ကြားရေးသင်ယူရေး အကြိုလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ထားရှိရန် လိုအပ်ချက် များကို မှာကြားသည်။

ထို့နောက် မင်္ဂလာဒုံမြို့နယ်ပုလဲမြို့သစ် ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲတွင် ဖွင့်လှစ်ပို့ချလျက်ရှိသည့် အခြေခံပျားမွေးသင်တန်းအမှတ်စဉ် (၂၂) သင်တန်းသားများနှင့်တွေ့ဆုံပြီး ပျားရည်၊ ပျားဖယောင်းသန့်စင်အလုပ်ရုံသို့ ရောက်ရှိကာ ဌာနနှင့်ပုဂ္ဂလိကများမှ သန့်စင်ရန်ပေးပို့လာသည့် ပျားရည်ကုန်ကြမ်းများကို စနစ်တကျ စစ်ဆေးလက်ခံခြင်း၊ သိုလှောင်ခြင်း၊ ပျားရည်များကိုခွင့်ပြုချက်နှင့်အညီ သန့်စင်ပေးခြင်းလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် တိရစ္ဆာန်မွေးမြူမှုဖွံ့ဖြိုးရေး ဌာနစု(ပေါင်းငူ)၌ မျိုးရေခဲချောင်း ထုတ်လုပ်လျက်ရှိသည့် ရွှေနီ၊ ပါရှန်နှင့် ယရာမင်နွားသိုး မွေးမြူ ထားရှိမှု၊ ပျဉ်းမပင်မွေးမြူရေးခြံ တွင် နေဗီယာပတ်ချောင်း၊ တေကူရန်၊ အစ္စရေးမြက်ချို၊ Ever Green Grass ၊ နှံစားပြောင်း၊ မွန်ဘားဆား၊ စတိုင်လိုမြက်မျိုးများစိုက်ပျိုးထားရှိမှုနှင့် အပင်အမျိုးအစားအလိုက် အာဟာရပါဝင်မှုနှင့် မျိုးစေ့ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၂၆) မိုင် (၂) ဖာလုံရှိ ဘက်စုံစိုက်ပျိုးမွေးမြူ ရေးဇုန်၌ အသားစားနွားယီလင့်၊ အင်ဒိုဘရာဇီးနွားမျိုးများ မွေးမြူထားရှိမှုနှင့် ဖရီရှန်နို့စားနွားများ မွေးမြူထားရှိမှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)