Pages

Pages

မြောင်းမြမြို့ အ.မ.က(လွန်) ဘုရားချောင်း(ရပ်)၌ လူငယ်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

 



MNP ၊  ဩဂုတ်  ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ အ.မ.က(လွန်) ဘုရားချောင်း(ရပ်) လူငယ်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့သည်။


ဟောပြောပွဲတွင် မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်‌ဝေဝေမြင့်က “ကျန်းမာပျော်ရွှင် ပညာသင်ဖို့ ပတ်ဝန်းကျင်ကောင်းဖန်တီးစို့” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပြီး‌နောက် အ.မ.က(လွန်)ဘုရားချောင်း (ရပ်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်အုန်းကြိုင်က နိဂုံးချုပ်ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။


အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ်သမားပပျောက်ရေး၊ သွေးလွန်တုပ်ကွေးအသိပညာပေး၊ လူကုန်ကူးမှုအသိပညာပေး၊ မူးယစ်ဆေးဝါးအသိပညာပေးစသည့် နံရံကပ်စာစောင်များကို ပြသထားရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာကြကြောင်း သိရသည်။


ဝေဝေ

https://t.me/MyanmarNationalPost




No comments:

Post a Comment