Pages

Pages

ကျိုင်းတုံတက္ကသိုလ်၌ မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ


MNP ၊  ဩဂုတ်  ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဩဂုတ် ၁၇ ရက် နံနက် ၁၀ နာရီက ကျိုင်းတုံတက္ကသိုလ် ခေမရဋ္ဌ်ခန်းမ၌ ကျင်းပသည်။


ဦးစွာ ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာက အမှာစကားပြောကြားပြီး ကျိုင်းတုံတက္ကသိုလ်၊ ဥပဒေပညာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာမွန်မွန်ကျော်က ဆန်းသစ်တီထွင်မှုများတိုးပွားဖို့ မူပိုင်ခွင့်များဖော်ကျူးစို့ခေါင်းစဉ်ဖြင့် မူပိုင်ခွင့်နှင့်စပ်လျဉ်း၍ တက္ကသိုလ်မူပိုင်ခွင့်ဆိုင်ရာမူဝါဒများ၊ တက္ကသိုလ်များအကြား ရေးထိုးသော နားလည်မှု စာချွန်လွှာတွင် ပါရှိသော ဉာဏပစ္စည်းမူပိုင်ခွင့်များ၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေနှင့် ကုန်အမှတ်တံဆိပ်ဆိုင်ရာ သိကောင်းစရာများ၊ စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေဆိုင်ရာ၊ မြန်မာနိုင်ငံတွင် မူပိုင်ခွင့်ဥပဒေအရ ပေးထားသော အကာအကွယ်များစသည့် မူပိုင်ခွင့်ဆိုင်ရာ အသိပညာဗဟုသုတများကို ကျိုင်းတုံတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး‌ဟောပြောသည်။


ထို့‌နောက် မူပိုင်ခွင့်ဆိုင်ရာ အသိပညာများ ဟောပြောပေးသည့် ဥပဒေပညာဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာမွန်မွန်ကျော်အား ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာက ဂုဏ်ပြုလက်‌ဆောင်ပေးအပ်ခဲ့ကြောင်းသိရသည်။


အောင်ဇင်မြင့်

https://t.me/MyanmarNationalPost




No comments:

Post a Comment