မိုးမိတ်မြို့နယ် မီးဘေးလုံခြုံရေးအသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးမိတ်မြို့နယ် မီးဘေးလုံခြုံရေးအသိပညာပေးဟောပြော





MNP ၊  ဩဂုတ်  ၁၅

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် ခရိုင်နှင့်နှင့်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်၊


ထိုသို့ဆောင်ရွက်ရာတွင်ခရိုင်မီးသတ်ဦးစီးမှူး ဦးပြည့်စိုးထွဋ်က မီးလောင်ကျွမ်းမှုဖြစ်စဉ်များ အားရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မော်က မီးဘေးအန္တရာယ်သတိရှိစေရေး အတွက် ၂၀၁၅ ခုနှစ်မတ်လ ၁၅ ရက် မီးသတ်တပ်ဖွဲ့ဥပဒေပုဒ်မ (၁၆-က )အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံးလျှက် မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာညွှန်ကြားချက် များကို ရှင်းလင်းဟောပြောခဲ့သည်။


ဆက်လက်ပြီး လက်တွေ့မီးငြိမ်းသတ်ရေးသရုပ်ပြရာတွင် မီးသတ်ဆေးဗူးအသုံးပြုပုံ၊ ရေစိုစောင်ဖြင့်ဖုံးအုပ်ငြိမ်းသတ်၍သရုပ်ပြခြင်းတို့ကို ကျောင်းသား၊ ကျောင်းသူများနှင့် မီးသတ်တပ်ဖွဲ့ ဝင်များက သရုပ်ပြဆောင်ရွက်ခဲ့ကာ မီးသတ်ကားနှင့်အဆင့်မြှင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများ၏ အသုံးပြုပုံများအား ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။


စည်သူဌေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)