လက်ပံတန်း၌ မြို့နယ်အဆင့်ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်ပံတန်း၌ မြို့နယ်အဆင့်ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအခမ်းအနားကျင်းပ




MNP ၊  ဩဂုတ်  ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပခဲ့သော ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကဗျာ၊ စာစီစာကုံး၊ ပန်းချီနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၌ ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပညာရေးမှူးရုံးခန်းမဆောင်၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က အဖွင့်အမှာစကားပြောပြီး၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်ဇော်ဝင်းက ကျန်းမာရေးဆိုင်ရာ ဗဟုသုတများကို အသိပညာပေး ပြောကြားကာ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ဥမ္မာဦးက ကျေးဇူးတင်စကား ​ပြန်လည်ပြောကြားခဲ့သည်။


 ထို့နောက် ဩဂုတ်လ(၁၁) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော မြို့နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကဗျာ၊ စာစီစာကုံး၊ ပန်းချီနှင့်ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၌ ပြိုင်ပွဲအသီးသီးတွင် ပထမ၊ ဒုတိယနှင့်တတိယရရှိသူများအား မြို့နယ်အုပ်စီမံချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်ဆရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေများချီးမြှင့် ပေးအပ်ကာ အခမ်းအနားတက်ရောက်လာသော ကျောင်းသား ကျောင်းသူများအား သံချဆေးများတိုက်ကျွေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)