Pages

Pages

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မီဒီယာနှင့် ပြည်သူ့ဆက်ဆံရေးအထောက်အကူပြု (ဆင့်ပွား)သင်တန်း(၁/၂၀၂၃) ဖွင့်လှစ်






MNP ၊ သြဂုတ် ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မီဒီယာနှင့်ပြည်သူ့ဆက်ဆံရေးအထောက်အကူပြု (ဆင့်ပွား)သင်တန်း (၁/၂၀၂၃)တွင် ပါတီဌာနချုပ် ဗဟိုအလုပ်အမှုဆောင် ဦးအေးလွင်က မီဒီယာနှင့်ပြည်သူ့ဆက်ဆံရေး အခန်းကဏ္ဍကို ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။

ဗဟိုအလုပ်အမှုဆောင် ဦးအေးလွင်က ဆွေးနွေးပြောကြားရာတွင် Media ကို USDP Image ဖြင့် Social Platform များတွင် ပျံ့နှံ့မှုအားကောင်းအောင် ဆောင်ရွက်နိုင်ရေး၊ Printed Mediaများထက် Digital Media ကို လူအများ စိတ်ဝင်စားပုံကိုရှင်းလင်းပြောကြားပြီး သတင်းထူး သတင်းဦး ရရှိရေး၊ ချိတ်ဆက်မှု ကွန်ရက်ခိုင်မာရေး၊ SmartPhoneများ ကျင်လည်သုံးစွဲနိုင်ရေးနှင့် သတင်းယူ၊ သတင်းရေးသားမှု တတ်ကျွမ်းနားလည်ကြပြီး နယ်မြေအောက်ခြေအဆင့်အထိ ချိတ်ဆက်ခြင်းနှင့် ကွန်ယက်ဖြန့်ကျက် သတင်းရှာဖွေစုဆောင်း တင်ပြနိုင်ရေးတို့ကိုလည်းကောင်း၊ Facebook ပလက်ဖောင်းတွင် First Online Media Page ဆောင်ရွက်ထားရှိပြီး သတင်းများ စဉ်ဆက်မပြတ် ဖတ်ရှု့လေ့လာနိုင်စေရန်နှင့် ပြည်သူများထံ သတင်းအမှန်ရောက်ရှိအောင် ဆောင်ရွက်နိုင်ကြစေရန်" ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် သင်တန်းတက်ရောက်သူ သင်တန်းသားများက နားလည်သိရှိလိုသည်များကို တင်ပြရာ ဗဟိုအလုပ်အမှုဆောင် ဦးအေးလွင် က တင်ပြချက်များကို ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြောင်းသိရသည်။


#MyanmarNationalPost


No comments:

Post a Comment