Pages

Pages

အမ်းမြို့နယ် တပ်တောင်မြို့၌ ပန်းခင်းစီမံချက်အဆင့်(၂) နိုင်ငံသားကတ်မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ် ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်






MNP ၊  ဩဂုတ်  ၂၃

 ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်း ကြီးကြပ်မှုဖြင့်  တပ်တောင်မြို့ မြို့နယ်အုပ် ချုပ်ရေးမှူးရုံး၌ အခြေပြုလျက် e-ID Software အတွင်း နိုင်မရှိသူအရေအတွက် လျှော့ချနိုင်ရေးအတွက် ပန်းခင်းစီမံချက်အဆင့် (၂)  နိုင်ငံသားကပ်မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ပေးခြင်းကို ယမန်နေ့‌က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။


  အဆိုပါ ပန်းခင်းစီမံချက်အဆင့် (၂) နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ပေးခြင်းအား မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းနှင့် ဝန်ထမ်းများက တပ်တောင်မြို့ အမှတ်(၁)၊(၂)၊(၃) ရပ်ကွက်များမှ   ဒေသခံပြည်သူများအားနိုင်ငံသား ကတ်မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ကျား(၂၉) ဦး မ(၆၂)ဦး ပေါင်း(၉၁)ဦး၊ မွေးတိုး (၁၂)ဦး၊ သေဆုံး (၂)ဦးတို့ကိုကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost 




No comments:

Post a Comment