MNP ၊ ဩဂုတ် ၂၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းဆိုင်ရာ အသေးစား အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးစီမံကိန်း (Bakery) ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက လယ်ဝေးမြို့နယ်၊ မြို့ကုန်းကျေးရွာတွင် ကျင်းပသည်။
ရှေးဦးစွာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက အမှာစကားပြောကြားရာတွင် ဝင်ငွေတိုးစီမံကိန်းသင်တန်းများကို ကျေးရွာပေါင်း ၁၅၅ ရွာတွင် ဖွင့်လှစ်လျက်ရှိပါကြောင်း၊ ယခုမြို့ကုန်းကျေးရွာအုပ်စုမှ ဒေသခံများ၏ လိုလားချက်အရ တန်ဖိုးမြှင့်စားသောက်ကုန်အမျိုးမျိုးကို သင်ကြားပို့ချပေးမှာဖြစ်ကြောင်း၊ ယခုစီမံကိန်းသင်တန်းတွင် အမှန်တကယ် လုပ်ငန်းထူထောင်နိုင်မည့်သူ သင်တန်းဆင်း ၅ ဉီးအား ရွေးချယ်ပြီး ဌာနမှ ငွေကျပ် ၁၀ သိန်းနှင့်ညီမျှသော ထောက်ပံ့ပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ၃ လအတွင်း လုပ်ငန်းစတင်နိုင်ပြီး အနည်းဆုံး ၃ နှစ်ဆက်တိုက် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဒေသခံကော်မတီဝင်များကို ရွေးချယ်ပြီး ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမှာဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက်စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီဝင်များနှင့် သင်တန်းသား/သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်စကား ပြောကြားကြသည်။ အဆိုပါသင်တန်းတွင် Chiffon Cake၊ Soft Cake၊ Cheese Cake၊ Cookies ၊ Donuts၊ Cup Cake၊ Chocolate Cake၊ Pizza၊ ပူတင်း၊ စနိုးပူတင်း၊ ကိတ်ခြောက်၊ ပေါင်မုန့်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာများကို သြဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၄ ရက်အထိ တစ်ပတ်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
ဝေကြည်
https://t.me/MyanmarNationalPost
No comments:
Post a Comment