Pages

Pages

ကျိုက်ထိုမြို့နယ်တွင် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာ ရောင်းချပေး



MNP ၊  ဩဂုတ်  ၁၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကိုယ်တိုင်ကိုယ်ကျ စိုက်ပျိုးမွေးမြူထုတ်လုပ် ဖြန့်ဖြူးသူများက သက်သာသော ဈေးနှုန်းများဖြင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ယမန်နေ့ နံနက် ၇ နာရီက မြို့မဈေးဝင်းအတွင်းရှိ (အခွန်လွတ် ဈေး)တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။


ယင်းသို့ ရောင်းချရာတွင် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် အမဲသား တစ်ပိဿာ (၁၃၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာ (၁၄၅၀၀) ကျပ်၊ ဧည့်မထဆန် (၁)ပြည် (၃၀၀၀) ကျပ်၊ စားအုန်းဆီတစ်ပိဿာ (၉၀၀၀) ကျပ်၊ ကြက်ဥ(၁)လုံး (၂၅၀) ကျပ်၊ ငါးတန်တစ်ပိဿာ (၅၀၀၀) ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာ (၅၅၀၀) ကျပ်၊ ငါးမုတ်တစ်ပိဿာ (၅၅၀၀) ကျပ်စသည့် စားကုန်ပစ္စည်းများအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများမှ စနစ်တကျ ဝယ်ယူအားပေး ခဲ့ကြောင်း သိရသည်။


ဝင်းမောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment