Pages

Pages

အိမ်မဲမြို့မစျေးကြီးအတွင်းရှိ ဆေးဝါးများနှင့် စားသောက်ကုန်များအား FDA မှ ရှောင်တခင်စစ်ဆေး






MNP ၊  ဩဂုတ်  ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့မစျေးကြီးအတွင်းရှိ ရောင်းချနေသော ဆေးဝါးများနှင့် စားသောက်ကုန်များအား ယမန်နေ့နံနက် (၈) နာရီတွင် FDA နှင့်တာဝန်ရှိသူများက ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့သည်။


ထိုကဲ့သို့စစ်ဆေးရာ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ ပူးပေါင်း၍ ရက်လွန်ဆေးဝါးများရောင်းချမှု ရှိ၊ မရှိ စစ်ဆေးခြင်းနှင့် စားသောက်ကုန်များဖြစ်သော ပဲပြား၊ ငရုပ်သီးမှုန့်၊ မျှင်ငပိ၊ မျှစ်၊ ပုဇွန်ချဥ်၊ ခေါက်ဆွဲ၊ မုန့်ဟင်းခါး၊ နနွင်းမုန့်၊ ငံပြာရည်၊ အသားတု၊ ဂျယ်လီ၊ သကြားချောင်း၊ တရုတ်စာတန်းပါမုန့်ပဲသရေစာများ အစရှိသည်တို့ကို နမူနာများရယူ၍ ဓာတ်ခွဲခန်းတွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။


ချစ်သက်လယ်

https://t.me/MyanmarNationalPost




No comments:

Post a Comment