လားရှိုးဒေသလုပ် ရှမ်းအိုးစည်များ ၊ တိုးနယား၊ ကိန္နရီ၊ ကိန္နရာများကို သီတင်းကျွတ်ကာလအတွက် ကြိုတင်မှာယူမှုများရှိနေ - Myanmar National Post

Myanmar National Post

News Agency

Breaking

လားရှိုးဒေသလုပ် ရှမ်းအိုးစည်များ ၊ တိုးနယား၊ ကိန္နရီ၊ ကိန္နရာများကို သီတင်းကျွတ်ကာလအတွက် ကြိုတင်မှာယူမှုများရှိနေ



MNP ၊  ဩဂုတ်  ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်တွင်ပြုလုပ်သည့် ရှမ်းရိုးရာတူရိယာတစ်ခုဖြစ်သည့် ရှမ်းအိုးစည်နှင့် တိုးနယား၊ ကိန္နရီ၊ ကိန္နရာများကို သီတင်းကျွတ်ကာလအတွက် ကြိုတင်မှာယူမှုများရှိနေပြီဖြစ်ကြောင်း သိရသည်။


ရှမ်းအိုးစည်နှင့် တိုးနယား၊ ကိန္နရီ၊ ကိန္နရာများကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့များမှပင် ဝယ်ယူမှုများရှိနေပြီး ပြည်တွင်းအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသများမှလည်း မှာယူမှုများရှိနေကြောင်း သိရသည်။


“အခုအချိန်ကတည်းက ရှမ်းအိုးစည်နှင့် တိုးနယား၊ ကိန္နရီ၊ ကိန္နရာတွေကို ရောင်းနေရပြီ ဝါကျွတ်ကာလအတွက် ကြိုတင်မှာယူမှုတွေဖြစ်သလို တချို့ကလည်း ရိုးရာအနေနဲ့ ဝါတွင်းကာလဘုရားသွား ကျောင်းတက်ချိန်တွေမှလည်း ရှမ်းအိုးစည်တီးကြတာတွေရှိတာကြောင့် ဝယ်ယူကြတာတွေရှိပါတယ်။ ဈေးနှုန်းကတော့ အရင်နှစ်တွေထက်များပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဈေးကို တတ်နိုင်သလောက် အနည်းဆုံးဈေးနဲ့ရောင်းချပေးပါတယ်။” ဟု ရှမ်းအိုးစည်ပြုလုပ်သူတစ်ဦးဖြစ်သည့် စိုင်းပီးကပြောသည်။


ယခုနှစ်တွင် ရှမ်းအိုးစည်တစ်စုံလျှင် အမြင့်ဆုံးဈေး သိန်းသုံးဆယ်ကျပ်ဝန်းကျင် ၊ ကိန္နရီ၊ ကိန္နရာတစ်စုံ ဆယ့်တစ်သိန်းကျပ်ဝန်းကျင်၊ တိုးနယားတစ်ကောင် နှစ်သိန်းဝန်းကျင်မှ ရှစ်သိန်းကျပ်ထိ ဈေးရှိကြောင်း သိရသည်။


စိုင်းထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)