သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအစည်းအဝေးခန်းမနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန တို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအစည်းအဝေးခန်းမနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန တို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်


MNP ၊ ဩဂုတ် ၂၃

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအစည်းအဝေးခန်းမနှင့် မွန်းလွဲပိုင်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝဏ္ဏသိဒ္ဓိအားကစားရုံ(ဘီ)တို့၌ ကျင်းပသည်။

အခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်၍ လက်တွေ့မဲပေးခြင်းများကို ဆောင်ရွက်ကြသည်။

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးနှင့် ဦးကိုကိုလွင်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ကြသည်။

ရှင်းလင်းဆွေးနွေးခြင်းနှင့် သရုပ်ပြပွဲများသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း ၁၆၆ ဦး၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း ၄၅၀ တက် ရောက်ပြီး မဲပေးစက်ဖြင့် လက်တွေ့ဆန္ဒမဲပေးကြသည်။

မဲဆန္ဒရှင်ပြည်သူ တစ်ယောက်အနေဖြင့် Myanmar Electronic Voting Machine (MEVM) စက်အသုံးပြု၍ ဆန္ဒမဲပေးရာတွင် မိမိမဲပေးရွေးချယခဲ့သည့် ပါတီ/ကိုယ်စားလှယ်၏ တံဆိပ်အမှတ်အသားပါဆန္ဒမဲဖြတ်ပိုင်းသည် ပရင်တာမှထွက်ပေါ်လာမည်ဖြစ်ပြီး သုံးစက္ကန့်အကြာတွင်အောက်ဘက်ရှိ မဲပုံးအတွင်းသို့ အလိုအလျောက်ကျဆင်းသွားသည်ကို မြင်တွေ့နေရသည့်အတွက် ပွင့်လင်းမြင်သာ၍ စိတ်ချယုံကြည်စွာ မဲပေးနိုင်မည်ဖြစ်သည်။

မဲပေးခြင်းလုပ်ငန်းစဉ်ပြီးဆုံးပြီး မဲလက်မှတ် များကို စိစစ်ရန်လိုအပ်ပါက မဲရလဒ်များ ဖော်ပြသည့် ဖြတ်ပိုင်းကို မဲဆန္ဒရှင်များ ဆန္ဒပြုခဲ့သည့် ဆန္ဒမဲ ဖြတ်ပိုင်းများနှင့် တိုက်ဆိုင်စစ်ဆေးနိုင်မည်ဖြစ်၍ ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ လက်တွေ့စမ်းသပ်ဆန္ဒမဲပေးသူများ၏ ဆန္ဒမဲပေးပြီး ပြန်လည်စစ်ဆေးကြည့်ရှုမှုများအရ ဆန္ဒမဲပေးမှုများမှာ ရာနှုန်းပြည့် မှန်ကန်မှုရှိကြောင်းတွေ့ရှိရသည့်အတွက် MEVM စက်ဖြင့် ဆန္ဒမဲပေးခြင်းသည် မသမာမှုမရှိနိုင်ကြောင်းနှင့် ယုံကြည်စိတ်ချရမှု အပြည့်အဝရှိကြောင်း တွေ့ရသည်။

ထို့ပြင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ လက်တွေ့ စမ်းသပ်မဲပေးခြင်းမှတစ်ဆင့် ကြုံတွေ့ရသည့် အခြေအနေများအပေါ် အကြံပြုဆွေးနွေးချက်များရှိပါက ယင်းအကြံပြုချက်များအပေါ် ပြန်လည်သုံးသပ်၍ ပိုမိုကောင်းမွန်သည့်စနစ်အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)