မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးဌာနတွင် ငွေနှင်းမှိုမွေးမြူခြင်း နည်းပညာပေးသရုပ်ပြပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးဌာနတွင် ငွေနှင်းမှိုမွေးမြူခြင်း နည်းပညာပေးသရုပ်ပြပွဲ ကျင်းပ



MNP ၊  ဩဂုတ်  ၂၃

စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်စန်းစန်းမြင့်၏ အနီးကပ်ကြီးကြပ်ကာ မုံရွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ငွေနှင်းမှိုတာဝန်ခံဦးဆောင်သော မှိုဝန်ထမ်းများက ခရိုင်နှင့်မြို့နယ်ဝန်ထမ်းမိသားစုများနှင့် ဒေသခံတောင်သူများအား မှိုစိုက်ပျိုးခြင်းကို အထူးအလေးထားလုပ်ဆောင်ပြီးတစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေပိုမိုရရှိ၍ စားဝတ်နေရေးအတွက် အထောက်အကူပြုစေရန်ရည်ရွယ်၍ ငွေနှင်းမှိုမွေးမြူခြင်း နည်းပညာပေးသရုပ်ပြပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက  မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဝန်ထမ်းအိမ်ယာဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


ဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဒေါ်စန်းစန်းမြင့်က မိမိတို့ရုံးတွင်ငွေနှင်းမှိုရုံဆောက်လုပ်ထားရှိပြီးဖြစ်ကာ ခရိုင်ရုံးဝန်ထမ်းအားလုံးနှင့် မိသားစုဝင်များအား စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်ကူပြုစေရန်နှင့် ပိုလျှံပါကလည်း ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိရန်အတွက်  ငွေနှင်းမှိုအထုပ် ၅၀၀ မွေးမြူသွားမည်ဖြစ်ကြောင်း၊ ခရိုင်ရုံးဝန်ထမ်းများအနေဖြင့် အသားအစားထိုး စားဖိုဆောင်ဖြည့်စွက်စာအဖြစ်ငွေနှင်းမှိုအား တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းအားဖြင့် စျေးနှုန်းချိုသာစွာစားသုံးနိုင်ပြီး ပိုလျှံပါက စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်၍ ဝန်ထမ်းသက်သာအနေဖြင့် ​ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အဆိုပါ ငွေနှင်းမှိုကို စိုက်ပျိုးခြင်းအားဖြင့် လတ်လတ်ဆတ်ဆတ်မှိုများခူးဆွတ်စားသုံးရ၍ ဘေးကင်းပြီးအာဟာရများပိုမိုရရှိခြင်း၊ ဝန်ထမ်းများအားလပ်ချိန်တွင် ဝိုင်းဝန်းလုပ်ဆောင်ခြင်းဖြင့် ရင်းနှီးချစ်ခင်မှု၊ နွေးထွေးမှု၊ ဆက်ဆံရေးတိုးတက်လာခြင်း၊ ပိုလျှံသည့်မှိုများကို ရောင်းချခြင်းဖြင့်အပိုဝင်ငွေရရှိနိုင်ကြောင်း  ပြောကြားခဲ့သည်။


ဆက်လက်ပြီး မုံရွာမြို့နယ်မှိုတာဝန်ခံနှင့်မှိုဝန်ထမ်းများက တက်ရောက်လာကြသော မုံရွာမြိူ့နယ်အတွင်းရှိ ကျေးရွာ(၂)ရွာမှ တောင်သူ(၂၀)ဦးနှင့် ခရိုင်နှင့်မြို့နယ်စိုက်ပျိုးရေးရုံးမှ ဝန်ထမ်း(၃၅)ဦးတို့အား ငွေနှင်းမှိုမွေးမြူခြင်းအဆင့်ဆင့်အား စတင်မှိုမွေးမြူသည်မှ ခူးဆွတ်သည်ထိ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရေပေးနည်းစနစ်များကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့သည်။


အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအဝင် ခရိုင်(၁၃)ခရိုင်ရှိ စိုက်ပျိုးရေးဦးစီးဌာနရုံးများသို့  မုံရွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ငွေနှင်းမှိုတစ်ထုပ်လျှင် ၄၀၀ ကျပ်၊ ကောက်ရိုးမှိုတစ်ထုပ်လျှင် ၅၀၀ ကျပ်နှုန်းဖြင့် မှိုစိုက်ထုပ်များအား ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းနှင့် ငွေနှင်းမှိုလက်ရှိကာလပေါက်ဈေးနှုန်းအနေဖြင့် မုံရွာမြို့နယ်တွင် ငွေနှင်းမှိုတစ်ပိသာလျှင် လက်ကားစျေး ၅၅၀၀ ကျပ်ဖြစ်ပြီး လက်လီစျေးမှာ ၈၅၀၀ ကျပ်ရောင်းချရကြောင်း၊ ကောက်ရိုးမှိုတစ်ပိသာလျှင် လက်ကားစျေး ၁၃၀၀၀ ကျပ်နှင့် လက်လီစျေးမှာ ၁၈၀၀၀ ကျပ်နှုန်း ရောင်းချနေကြောင်းသိရပြီး ငွေနှင်းမှိုစိုက်ပျိုးရေးစိတ်ပါဝင်စားသူများအနေဖြင့်လည်း မုံရွာခရိုင်နှင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ ရုံးချိန်အတွင်း ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)