MNP ၊ ဩဂုတ် ၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား ၂၀၂၃-ခုနှစ် အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့ မွန်းလွဲပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲတွင် ထုတ်ချေးပေးလျက်ရှိသည်။
ထိုသို့ ထုတ်ချေးရာတွင် ယခင်နှစ်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ချေးယူထားသည့် ကျေးရွာ/ အုပ်စုများအနက်မှ ချေးငွေပြေကျေပြီးဖြစ်သည့် လိပ်ခမော်အုပ်စုရှိ တောင်သူ (၁၄၉) ဦး၏ လယ်ဧက (၃၀၃)ဧကအတွက် လယ်တစ်ကလျှင် တစ်သိန်းခွဲနှုန်းဖြင့်ချေးငွေကျပ်(၄၅၄၅၀၀၀၀) သိန်းကို ပြန်လည် ထုတ်ချေးပေးခြင်းဖြစ်သည်။
ကျောက်ဖြူမြို့နယ်တွင် ၂၀၂၃-ခုနှစ်အတွက် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ၂-၆-၂၀၂၃ နေ့ရက်မှ စတင်ထုတ်ချေးပေးလျှက်ရှိရာ ယနေ့အထိ ကျေးရွာအုပ်စု (၂၇) မှ တောင်သူ (၂၄၆၄) ဦး၏ မိုးစပါးစိုက်ဧက (၅၂၄၄)ဧကအတွက် ချေးငွေကျပ် (၇၈၆၆၀၀၀၀၀)သိန်းအား ထုတ်ချေးပေးထားပြီး ဖြစ်ကာ ကျန်ပြေကျေသော ကျေးရွာ၊အုပ်စုများမှ တောင်သူများကိုလည်း ဆက်လက်ထုတ်ချေးပေး သွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်ဘဏ်ခွဲမန်နေဂျာ ဦးပြုံးနိုင် ထံမှ သိရှိရ သည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment