MNP ၊ သြဂုတ် ၃၁
ကချင်ပြည်နယ် ၊ ဗန်းမော်မြို့တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပန်းချီပြိုင်ပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို သြဂုတ် ၃၀ ရက် နေ့လည် ၁ နာရီက အဆိုပါကျောင်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်ဥမ္မာဦး က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးဒေါ်ယဉ်မိုးဆန်း က ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဦးအောင်ကျော်ထွန်း နှင့် ဖိတ်ကြားထားသူများက အငယ်အဆင့်လက်ချောင်းပန်းချီပြိုင်ပွဲနှင့် အကြီးအဆင့် စိတ်ကူးယဉ်ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူ သားငယ်သမီးငယ်များအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
#MyanmarNationalPost



No comments:
Post a Comment