(၂၆) ကြိမ်မြောက် အာဆီယံငွေရေးကြေးရေးပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့်ကော်မတီ အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၂၆) ကြိမ်မြောက် အာဆီယံငွေရေးကြေးရေးပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့်ကော်မတီ အစည်းအဝေးကျင်းပ


MNP ၊ ဩဂုတ် ၃

(၂၆) ကြိမ်မြောက် အာဆီယံငွေရေးကြေးရေးပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့်ကော်မတီအစည်းအဝေး (26th ASEAN Senior Level Committee- SLC on Financial Integration) ကို ယမန်နေ့က Hybrid Format ဖြင့်ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင် တက်ရောက်သည်။

ဦးစွာ အစည်းအဝေးပူးတွဲသဘာပတိဖြစ်သည့် လာအိုနိုင်ငံဗဟိုဘဏ်မှ အဖွင့်အမှာစကား ပြောကြားပြီး အာဆီယံ+၃ မေခရိုစီးပွားရေး သုတေသနရုံး (ASEAN+3 Macroeconomic Research Office - AMRO)က လက်ရှိဖြစ်ပေါ်နေသော ဒေသတွင်းမေခရိုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကာ Glasgow Financial Alliance for Net Zero (GFANZ) အဖွဲ့၊ Asia Pacific Network Office က ကမ္ဘာတစ်ဝန်းနှင့် ဒေသတွင်းဆိုင်ရာ ငွေရေးကြေးရေး ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို တင်ပြသည်။

ဆက်လက်၍ အာဆီယံအတွင်းရေးမှူးချုပ်ရုံးက အာဆီယံငွေရေး ကြေးရေးပူးပေါင်းဆောင်ရွက်မှု အတွက် ဦးစားပေးဆောင်ရွက်လျက်ရှိသည့် အကြောင်းအရာများ၊ တိုးတက်မှုအခြေအနေနှင့် အာဆီယံစီးပွားရေးအသိုက်အဝန်း (ASEAN Economic Community-AEC) လုပ်ငန်း စဉ်များအောက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်မှုများ၏ တိုးတက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပူးတွဲသဘာပတိများက အာဆီယံငွေရေးကြေးရေးလုပ်ငန်းကော်မတီများမှ တင်သွင်းခဲ့သည့် Risk Monitoring Template (RMT) ကို အခြေခံ၍ ရေးဆွဲထားသည့် Risk Monitoring Report နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် အာဆီယံဘဏ်လုပ်ငန်းပေါင်းစည်းရေးမူဘောင်၊ ငွေလုံးငွေရင်းစာရင်း ပိုမိုလွတ်လပ်ခွင့်ပြုရေး၊ အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်မှု၊ အားလုံးပါဝင်သော ငွေရေးကြေးရေးကဏ္ဍ၊ ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ လွတ်လပ်ခွင့်ပြုရေး၊ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်၊ စွမ်းရည်မြှင့်တင်ရေးကြီးကြပ်ထိန်းကျောင်းမှု ကော်မတီတို့နှင့်စပ်လျဉ်း၍ တိုးတက်မှုအခြေအနေများကို လုပ်ငန်းကော်မတီများက ရှင်းလင်းတင်ပြကြရာ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများက လမ်းညွှန်မှာကြားကြသည်။

ထို့နောက် “အဆင့်မြင့်ကော်မတီလုပ်ငန်းအဖွဲ့၏ ပူးတွဲသဘာပတိများက အာဆီယံငွေရေးကြေးရေး ပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့်ကော်မတီလုပ်ငန်းအဖွဲ့အောက်ရှိ စဉ်ဆက်မပြတ် ဘဏ္ဍာငွေဖြည့်ဆည်း နိုင်ရေးနှင့်စပ်လျဉ်း၍ တိုးတက်မှုအခြေအနေများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြကြပြီး အင်ဒိုနီးရှားနိုင်ငံ ဗဟိုဘဏ်မှ အာဆီယံဒေသတွင်း ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ခံနိုင်ရည်ရှိမှုနှင့် သတင်းအချက်အလက်များ မျှဝေခြင်း အစီအစဉ်ကိုလည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံဗဟိုဘဏ်မှ အာဆီယံငွေကြေးဖလှယ်မှု အစီအစဉ်ကိုလည်းကောင်း ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ ငွေလုံးငွေရင်းစာရင်းပိုမိုလွတ်လပ်ခွင့်ပြုရေးလုပ်ငန်းကော်မတီ (WC-CAL)၏ ပူးတွဲသဘာပတိများက အာဆီယံဒေသတွင်း ငွေကြေးများလွှဲပြောင်းပေးချေမှုများဆိုင်ရာ လုပ်ငန်းအဖွဲ့ (ASEAN Local Currency Transactions-LCT Task Force) နှင့် အာဆီယံ ဒေသတွင်းငွေကြေးများ လွှဲပြောင်းပေးချေမှုများဆိုင်ရာမူဘောင်(ASEAN LCT Framework)တို့ နှင့်စပ်လျဉ်း၍ တိုးတက်မှုအခြေအနေများကို ဆွေးနွေးတင်ပြကြကာ အင်ဒိုနီးရှားနိုင်ငံမှ အာဆီယံလုပ်ငန်းကော်မတီများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြန်လည်လေ့လာခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးပူးတွဲသဘာပတိဖြစ်သည့် စင်ကာပူငွေကြေး အာဏာပိုင်အဖွဲ့က နိဂုံးချုပ်အမှာစကားပြောကြားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)