MNP ၊ ဩဂုတ် ၂၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျားမင်းလမ်းနှင့် မြစည်းခုံလမ်းထောင့် (ရန်အောင်မြင်လမ်း) ကွန်ကရစ်တံတား တည်ဆောက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
နတ်မောက်မြို့နယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျားမင်းလမ်းနှင့် မြစည်းခုံလမ်းထောင့် (ရန်အောင်မြင်လမ်း) ကွန်ကရစ်တံတားကို အရှည် ၃၀ ပေ၊ အနံ ၃ ပေဖြစ်ပြီး ခွင့်ပြုရန်ပုံငွေကျပ်သန်း (၃.၇၀) ဖြင့် ဆောင်ရွက်လျက်ရှိရာ တာဝန်ခံ အင်ဂျင်နီယာမှ သတ်မှတ်သည့် ကာလအတွင်း စံချိန်စံညွှန်းများနဲ့အညီ အချိန်မီပြီးစီးနိုင်ရေး အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment