MNP ၊ ဩဂုတ် ၂၆
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ သြဂုတ်(၂၄)ရက် ည(၆)နာရီက ကျိုင်းတုံမြို့ အမေ့ရင်ခွင်ကျောင်း၌ အာခါရိုးရာ ဒန်းစီးပွဲတော်တက်ရောက်ကြကြောင်း သိရသည်။
ဒန်းစီးပွဲတော်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးက ကျိုင်းတုံမြို့တွင် အာခါဒန်းစီးပွဲတော်ကို တက်ရောက်ရာသည့်အတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ တိုင်းရင်းသားအားလုံး စုံညီစွာတက်ရောက်သည့်အတွက်တွေ့ရသည်ကို ဝမ်းသာပီတိဖြစ်မိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ်အောင်ခိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး အာခါတိုင်းရင်းသားခေါင်းဆောင်ဦးမင်းညိုမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ အာခါတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအကဖြင့် ဖျော်ဖြေခြင်း၊ တိုင်းရင်းသားပေါင်းစုံ ယဉ်ကျေးမှုအဖွဲ့မှကပြဖျော်ကြ၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက တိုင်းရင်းသားယဉ်ကျေးမှု အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပြီး အာခါတိုင်းရင်းသားခေါင်ဆောင် ဦးမင်းညိုမှ ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့ကို အမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်ကြောင်း သိရသည်။
မောင်မောင်သန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment