သံတွဲမြို့၌လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့၌လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ





MNP ၊  ဩဂုတ်  ၂၆

သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Club တို့ပူးပေါင်း ၍ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံလာစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွါး လာစေပြီး စဉ်းစားတွေးခေါ်မှုစွမ်းရည်များမြင့်မားသည့် လူတော်လူကောင်းများ ပေါ်ထွက် လာစေရန်ရည်ရွယ် ကျင်းပသည့် လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁း၃၀ နာရီက သံတွဲမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က လူငယ်အသိပညာပေး ဟောပြောပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသည်။ 


ထို့နောက် Youth Club အဖွဲ့ဥက္ကဌ ကိုမင်းဒီပါကျော် က  Social Media ၏ ကောင်းကျိုးနှင့် ဆိုးကျိုးခေါင်းစဉ်ဖြင့် လည်းကောင်း ၊ အဖွဲ့ဝင် ကိုညီနိုင်းထက်က လူငယ်နှင့်အားကစားနည်းပညာခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောပေးခဲ့ကြသည်။ ဟောပြောပွဲအပြီးတွင်ကျောင်းသား၊ ကျောင်းသူ လေးများသည် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်၊စာစောင်များကိုစိတ်ပါဝင်စားစွာ  ကြည့်ရှုလေ့လာခဲ့ကြသည်။


 သန့်ဇင် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)