MNP ၊ ဩဂုတ် ၂၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊မြောက်ဦးမြို့၌ လူငယ်များ စာဖတ်စွမ်းရည်တိုးတက်စေရေး၊ ဗလငါးတန်နှင့် ပြည်စုံသောလူငယ်လူရွယ်များ ဖြစ်လာစေရေး၊ လူအများနှင့် ဆွေးနွေးပြောဆို ပြုမူ တတ်စေရေး အစရှိသည့်ရည်ရွယ်ချက်များဖြင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက် အ.ထ.က(ခွဲ) လ(၃) ကျောင်း၌ ကျင်းပပြု လုပ်ခဲ့ သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန မှ ခရိုင်ဦးစီးမှူး ဦးတင်ရွှေ က အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်များ အချင်းချင်း ပူးပေါင်းဆောင်ရွက် တတ်သည့် အလေ့ အထကောင်းများ ရရှိစေရန်၊ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်မည့် လူငယ်များ ဘက်စုံ ဖွံ့ဖြိုးတိုးတက်လာစေရန် နှင့် လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ အ.ထ.က(ခွဲ) လ(၃) ကျောင်းမှ Grade- 12 ကျောင်းသား မောင်မင်းခန့်နောင် မှ လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်နိုင်လင်းထွန်း မှ အမှိူက်များစနစ်တကျစွန့်ပစ်ခြင်း ခေါင်းစဉ်ဖြင့် လည်း ကောင်း၊ Grade-12 ကျောင်းသူ မမီမီလှိုင် မှ လူငယ်တစ်ယောက်၏ဘဝရည်မှန်းချက် ခေါင်းစဉ် ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မ စုမြတ်နိုး မှ လူငယ်နှင့်စည်းကမ်း ခေါင်းစဉ်ဖြင့် အသီးသီး ဆွေးနွေးကြရာ အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူ များက သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူက ပြန်လည် ရှင်းလင်းပြော ကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ခင်းကျင်းပြသထားသော စာအုပ်ပြပွဲနှင့် မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြင့်စိုး
https://t.me/MyanmarNationalPost




No comments:
Post a Comment