MNP ၊ ဩဂုတ် ၂၅
တနင်္သာရီတိုင်းဒေသကြီး ကလိန်အောင်မြို့သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ သံပုရာသီးသည်လည်း ဒေသထွက်ကုန်တစ်ခုဖြစ်ပြီး မိုးတွင်းကာလတွင် အသီးထွက်နှုန်းကောင်းမွန်သော်လည်း အရောင်းအဝယ်အေးပြီး ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း တောင်သူများထံမှ သိရသည်။
"မိုးတွင်းကာလဆိုတော့ နှစ်တိုင်းလိုလိုပဲ ဈေးကျဆင်းပါတယ်။ သံပုရာသီးအပင်တိုင်းမှာ အသီးလှိုင်လှိုင်ပေါတယ်။ အထွက်နှုန်းလည်းကောင်းတယ်။ ဒါပေမဲ့အဝယ်ဒိုင်တွေက သိပ်မဝယ်ကြဘူး။ ဝယ်ယူမှုလည်းကျဆင်းသလို ဈေးလည်းသိပ်မရဘူး” ဟု စိုက်ပျိုးတောင်သူတစ်ဦးက ပြောသည်။
လက်ရှိ သံပုရာသီးပေါက် ဈေးနှုန်းမှာ အလုံးအရွယ်အစားလိုက် တစ်လုံးကို (၁၈) ကျပ်မှ (၂၀) ကျပ်အထိသာ ဈေးရရှိပြီး ပြီးခဲ့သည့်နွေရာသီတွင် သံပုရာသီး အလုံးအရွယ်အစားအပေါ် မူတည်၍ တစ်လုံးကို (၇၅) ကျပ်မှ (၈၀) ကျပ်အထိ ဝယ်ယူရရှိကြောင်း ကလိန်အောင်မြို့ရှိ သံပုရာသီးအဝယ်ဒိုင်ထံမှ သိရသည်။
သံပုရာပင်များကို ကလိန်အောင်မြို့ပေါ်နှင့် မိကျောင်းလှောင်း၊ ဇင်းဘာ၊ ကျောက်ရှပ်၊ ကော့လှိုင်း၊ ရာဖူး အစရှိသည့် ကျေးရွာများတို့တွင် စိုက်ပျိုးကြပြီး ထွက်ရှိသော သံပုရာသီးများကို ထားဝယ်မြို့နှင့် ရန်ကုန်တို့သို့တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment