MNP ၊ ဩဂုတ် ၁၈
လူငယ်များအသိပညာဗဟုသုတများနှင့်ပြည့်စုံပြီး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်နှင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တို့ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစား ပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီ က အလုံမြို့နယ်အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်း၊ အနန္တပညာခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူးက လူငယ်ရေးရာအသိပညာပေး ဟောပြောပြီး ပြေးခုန်ပစ်အားကစားနည်းမှ မြန်မာ့လက်ရွေးစင်ဟောင်း ဒေါ်မြင့်မြင်အေး အားကစားပြူလုပ်ခြင်းအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ချိုက လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်အနောက်ပိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှအားကစားမှူး ဦးမျိုးမင်းသန်းက လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောခဲ့ကြသည်။
ဆက်လက်၍ အားကစားအဖွဲ့များမှ ဝူရှူး၊ ခြင်းလုံး၊ Fitness Dance သရုပ်ပြသခြင်းတို့ကိုဆောင်ရွက်ကြရာ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဖြိုးပိုပိုထွေးက အားကစားသရုပ်ပြအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သန်းက အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း၊ မြန်မာရိုးရာအားကစားအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးကျော်ရွှေကစာရေး ကိရိယာများကို ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သိင်္ဂီကလက်ခံရယူခဲ့ကြောင်း သိရသည်။
တင်တင်ချို
https://t.me/MyanmarNationalPost
No comments:
Post a Comment