လယ်ဝေးမြို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာဟောပြောပွဲနှင့် ပြပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ဝေးမြို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာဟောပြောပွဲနှင့် ပြပွဲများကျင်းပ




MNP ၊  ဩဂုတ်  ၁၂

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့  ပူးပေါင်း၍ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရေးအတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့်ပြပွဲများ ကျင်းပခဲ့သည်။


ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးသန်းကျော်ထွန်းက ဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာ လူငယ်နှင့် စာဖတ်ခြင်းခေါင်းစဥ်ဖြင့် အသိပညာပေး ဟောပြောသည်။


ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးအောင်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး ကျောင်းအုပ်ဆရာကြီးထံ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းသည်။ ဆက်လက်၍ ကျောင်းသားကျောင်းသူလေးများက Fitness Dance ဖြင့် ဖျော်ဖြေတင်ဆက်သည်။


ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ခင်းကျင်းပြသရာ ကျောင်းသား/ကျောင်းသူ လေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


ဝေကြည်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)