မိတ္ထီလာ ပညာရေးဒီဂရီကောလိပ်၌ အခြေခံ ရှေးဦးပြုစုခြင်းနှင့် မွမ်းမံသင်တန်း (၂/၂ဝ၂၃) ဆင်းပွဲ အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိတ္ထီလာ ပညာရေးဒီဂရီကောလိပ်၌ အခြေခံ ရှေးဦးပြုစုခြင်းနှင့် မွမ်းမံသင်တန်း (၂/၂ဝ၂၃) ဆင်းပွဲ အခမ်းအနား ကျင်းပ



MNP ၊  ဩဂုတ်  ၂

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ ပညာရေးဒီဂကောလိပ်၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်း (၂/၂ဝ၂၃)နှင့် အခြေခံရှေးဦးပြုစုခြင်းမွမ်းမံသင်တန်း (၂/၂ဝ၂၃) သင်တန်းဆင်းပွဲ အခမ်း အနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ ပညာရေးဒီဂရီကောလိပ် ပညာပါရမီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အဆိုပါခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးကျော်ဇေယျက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မိတ္ထီလာ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်စုလတ်ထွေးက သင်တန်းဖွင့်လှစ်ရခြင်း အကြောင်းကို ရှင်းလင်းပြောကြားပြီး သင်တန်းများတွင် ထူးချွန်ဆုရရှိခဲ့ကြသော သင်တန်းသား သင်တန်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်ဇေယျ၊ ကျောင်းအုပ်ကြီး ဒေါ်စုလတ်ထွေးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။ ထိုနောက် သင်တန်းများတွင် တက်ရောက်ခဲ့ကြသော သင်တန်းသား သင်တန်းသူများထံသို့ သင်တန်းဆင်းလက်မှတ်များကို ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးနေဦးကပေးအပ်ခဲ့ပြီး  အခြေခံရှေးဦးပြုစုခြင်းသင်တန်းနှင့် မွမ်းမံသင်တန်းတွင် တက်ရောက်ခဲ့ကြသော သင်တန်းသား သင်တန်းသူများက လူနာအား လက်တွေ့ပတ်တီးစည်းခြင်းနှင့် ထမ်းစင်ဖြင့် လူနာသယ်ဆောင်ခြင်းများကို လက်တွေ့သရုပ်ပြသခဲ့ရာ တာဝန်ရှိသူများ၊ ဆရာဆရာမများနှင့် သင်တန်းသား သင်တန်းသူများက ကြည့်ရှု့အားပေးခဲ့သည်။  အဆိုပါသင်တန်းများကို ရက်သတ္တပတ် တစ်ပတ်ကြာဖွင့်လှစ်ခဲ့ပြီး အခြေခံရှေးဦးပြုစုခြင်း သင်တန်းတွင် သင်တန်းသားသင်တန်းသူ ၂၈၆ ဦးနှင့် မွမ်းမံသင်တန်းတွင် သင်တန်းသား သင်တန်းသူ ၈၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


ချမ်းသာ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)