MNP ၊ ဩဂုတ် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ် အမှတ်(၄၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာဆောင်ရွက်မှုရှိစေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်း၊ မြို့နယ်ဥပဒေရုံးမှ ကလေးသူငယ်အခွင့်အရေးများနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးအန္တရာယ်စသည့် ဟောပြောခြင်းများကို ယမန်နေ့ နေ့လယ် ၁၃း၀၀ နာရီအချိန်ကစ၍ ဗဟန်းမြို့နယ်အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းနှင့် ကောင်းထက်ကျော်ကိုယ်ပိုင်ကျောင်းတို့၌ ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် အမှတ်(၄၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှူးဒုရဲမှူးဦးဇော်ဝင်းထွန်း ဦးဆောင်သည့်တပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား ရည်မှန်းချက်တာဝန် ၅ ရပ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် သတိပေးလမ်းညွှန်ချက်များ၊ တားမြစ်ခြင်းနှင့်ကန့်သတ်ခြင်းလမ်းညွှန်များ၊ အမိန့်ပေးခြင်းလမ်းညွှန်များ၊ မော်တော်ယာဉ်မောင်းနှင်စဉ် လိုက်နာရမည့်အချက်များ၊ လမ်းကူးရာတွင် သတ်မှတ်ထားသည့် လူကူးမျဉ်းကျားမှသာ စည်းကမ်းတကျကူးစေရေးနှင့် ခြေလျင်လျှောက်သူများနှင့်ပတ်သက်၍ သိရှိလိုက်နာကြရန်အချက်များစသည်တို့ကို ဟောပြောခဲ့သည်။
ထို့နောက်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာကြစေရန် အသိပညာပေးရုပ်သံများအား Projector ဖြင့် ပြသခဲ့ပြီး တက်ရောက်လာသော ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းကြိုပို့ယာဥ်မောင်းများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။ ဆက်လက်ပြီး ဗဟန်းမြို့နယ် ဥပဒေအရာရှိဦးနေမင်းထက်က ကလေးသူငယ်အခွင့်အရေးများ၊ ဥပဒေများ၊ အသက်အရွယ်အလိုက်ဖြစ်ပွားတတ်သည့် အကြောင်းအရာများ ဆောင်ရွက်နေမှုများကို ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် ဗဟန်းမြို့နယ်မြို့မစခန်းမှူး ဒုရဲမှူးစိုးနိုင်ကလည်း မူးယစ်ဆေးဝါး၏ အန္တရာယ်ကြီးမားလှပုံနှင့်ဆိုးကျိုးများကို အကျယ်တဝင့်ဟောပြောခဲ့ကြသည်။ အဆိုပါဟောပြောပွဲသို့ ဗဟန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ လက်ထောက်မြို့နယ်ပညာရေးမှူး၊ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းအပို့၊ အကြိုယာဉ်မောင်းများ စုစုပေါင်း(၁၈၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ကြည်ဇေသော်
https://t.me/MyanmarNationalPost
No comments:
Post a Comment