လက်တွဲခိုင်မာ ရုရှား - မြန်မာ - Myanmar National Post

Myanmar National Post

News Agency

Breaking

လက်တွဲခိုင်မာ ရုရှား - မြန်မာ






မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ အပေါင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းစားပွဲတင်လေ့ကျင့်ခန်းကို ဩဂုတ်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ နေပြည်တော်ရှိ Park Royal ဟိုတယ်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။

အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့ကို မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဦးဆောင်နေကြတာဖြစ်ပါတယ်။ မြန်မာ-ရုရှား ပူးပေါင်းဦးဆောင်မှုနဲ့အတူ အင်းအားကြီးနိုင်ငံတွေလည်း ပူးပေါင်းဆောင်ရွက်နေကြသလို အာဆီယံဒေသတွင်းနိုင်ငံတွေလည်း ပူးပေါင်းဆောင်ရွက်နေတာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ 

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေ ပြောသလို ဘယ်နိုင်ငံကမှ အသိအမှတ်မပြုဘူးဆိုရင် လက်ရှိနိုင်ငံတော်အစိုးရ လက်ထက်မှာ ခြွတ်ခြုံကျတဲ့ အခြေအနေမျိုးကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ နောက်မှာ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုရှိနေတာတော့ အမှန်ပါပဲ။ သို့ပေသော် အနောက်အုပ်စုနိုင်ငံများဆိုသည်မှာလည်း သူတို့ရဲ့ အကျိုးစီးပွားကို ရှေ့တန်းတင်သူတွေသာ ဖြစ်တဲ့အတွက်ကြောင့် မြန်မာပြည်ကို တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်မယ့် ပြည်ပြေး ဝရမ်းပြေးတွေကို ခွေးမွေးသလို မွေးထားတဲ့ အဆင့်လောက်ပါပဲ။ မြန်မာနိုင်ငံအတွင်းမှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေဖို့ အမေရိကန် က ခိုင်းစေတဲ့ အလုပ်တွေကို ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေက လုပ်ပေးရမယ်။ အဲဒီလို လုပ်နေသ၍ ကျွေးထားမယ်။ ခွေးမွေးထားရင်တောင် အစာကျွေးရသေးတာပဲဗျာ။ တိုင်းပြည်တစ်ခုကို ဖျက်ဆီးဖို့ လက်ပါးစေတွေ မွေးမယ်။ မွေးထားသည့် အလျှောက် ပေးကမ်းထောက်ပံ့ရမယ်။ ဒါက နိယာမပါပဲ။ 

ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေ ဘယ်လိုဖြစ်သွားသလဲ။ ပြန်ပြီး သုံးသပ်ကြည့်ပါ။ တိုင်းပြည်ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်လာတယ်။ အမေရိကန်အစိုးရကလည်း ဦးသိန်းစိန်အစိုးရကို ချည်းကပ်လို့ ရလာတယ်။ ဆက်ဆံရေးအခြေအနေ ကောင်းမွန်ခဲ့တယ်။ ပြည်ဖျက်မိစ္ဆာခွေးဝဲစားတွေ မလိုတော့တဲ့ အခါကြတော့ အိမ်မှာ မွေးထားတဲ့ခွေကို လမ်းဘေးမှာ သွားစွန့်ပစ်လိုက်သလိုပဲ ကိုယ့်အစာ ကိုယ်ရှာစားရတဲ့ အခြေအနေမျိုး ဖြစ်သွားတယ်။ ခွေးလေ ခွေးလွင့်တွေ ဖြစ်ပြီးတော့ လမ်းပျောက်တဲ့ အခြေအနေမျိုး ဖြစ်သွားခဲ့တယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့ လို အခင်းအကျင်းမျိုးဟာ ပြည်ဖျက်မိစ္ဆာတွေ သိပ်ကို ဝမ်းမြောက် ဝမ်းသာ ဖြစ်တဲ့အခင်းအကျင်းမျိုးပါ။ တပ်မတော်က အာဏာထိန်းတာကို အကြောင်းပြုပြီး ဟောင်ကြမယ်၊ တော်လှန်ရေးလို့ ခေါင်းစဉ်တပ်ပြီး အလှူခံကြမယ်။ အလှူငွေတွေ ဘုံးကြမယ်။ 

အခုလည်း NUG ဦးဆောင်တဲ့ ပြည်ပြေး ဝရမ်းပြေးတွေကြားမှာ ဒီပြဿနာတွေပဲ ဖြစ်နေတာပါ။ ပြည်ပမှာ တော်လှန်ရေးလို့ ခုတုန်းလုပ်ပြီး ခေါင်းစဉ်အမျိုးမျိုးနဲ့ အလှူခံနေသူတွေမှာ အလှူငွေတွေ သောက်သောက်လဲ ရတယ်။ သူတို့ဆီက အထောက်အပံ့ကို မျှော်နေတဲ့ PDF အမည်ခံ အကြမ်းဖက်သမားလေးတွေဆီကို အထောက်အပံ့က ရောက်မလာဘူး။ ရေအသက် တစ်မနက်၊ ထမင်အသက် ၇ ရက်တဲ့။ တောထဲ တောင်ထဲ မှာ ခုနှစ်ရက်ခုနှစ်လီ ဘယ်အငတ်ခံပြီး နေနိုင်မလဲဗျာ။ ပြည်ပြေး ဝရမ်းပြေးတွေ ဆီက အထောက်အပံ့မရတဲ့အခါကြတော့ KNU, PDF, KIA အပါအဝင် NUG ကို အမှီပြုနေတဲ့ လက်နက်ကိုင်အဖွဲ့ တွေဟာ ဓားပြတိုက်လာကြတယ်။ လုယက်လာကြတယ်။ 

၂၀၂၃ခုနှစ်၊ မတ်လအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ ပင်လောင်းမြို့နယ်၊ နန်းနိမ့်ရွာမှာ ပအိုဝ်းဒေသခံပြည်သူ ၃၀ ဝန်းကျင်ကို KNDF/PDF အကြမ်းဖက်အဖွဲ့တွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်ဟာ တခြားမဟုတ်ပါဘူး။ KNDF/PDF အကြမ်းဖက်အဖွဲ့ဝင်တွေဟာ ငတ်ပြတ်နေကြပြီဖြစ်တဲ့အတွက် ပအိုဝ်းရွာသားတွေထံက ဓားမြဝင်တိုက်ရင်း လက်လွန်ခြေလွန် လုပ်သွားခဲ့ကြတဲ့ အခြေအနေဖြစ်ပါတယ်။

တော်လှန်ရေးကို ခုတုန်းလုပ်ပြီး အလှူခံနေတဲ့ ပြည်ပြေး ဝရမ်းပြေးတွေမှာ အလှူငွေတွေနဲ့ သာယာစိုပြည်နေကြပြီး စတိုးဆိုင်ကြီးတွေဖွင့်လို့။ လူ့ငနွား အကြမ်းဖက်သမားလေးတွေမှာတော့ သူခိုးဓားမြတွေဖြစ်လို့။ အခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းမှာ KIA လက်အောက်မှာ အကြမ်းဖက်သင်တန်းတက်ခဲ့တဲ့ PDF အကြမ်းဖက်အဖွဲ့ဝင်များ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသလို မွန်ပြည်နယ်မှာလည်း KNU လက်အောက်မှာ အကြမ်းဖက်သင်တန်းတက်ခဲ့တဲ့ PDF အကြမ်းဖက်အဖွဲ့ဝင်တချို့ ဥပဒေဘောင်အတွင်း ဝင်ရောက်လာခဲ့ပါတယ်။ နိုင်ငံတော်ကလည်း ထုတ်ပြန်ကြေညာထားသည့်အတိုင်း လက်နက်အပ်နှံပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူတွေကို ဆုငွေတွေ ချီးမြှင့်ပေးခဲ့တာမျိုး တွေ့မြင်ရပါတယ်။ အဲဒီလို သတင်းမျိုးဆိုရင်တော့ ပြည်ဖျက်မီဒီယာတွေဖြစ်တဲ့ BBC, VOA, RFA တို့က မှာ လုံးဝမဖော်ပြသလို ပြည်ပြေး ဝရမ်းပြေး မီဒီယာတွေဖြစ်တဲ့ DVB, Mizzima, The Irrawaddy, Mizzima, Khit Thit, Myamar Now, The Ayeyarwaddy, မြေလတ်အသံ တို့မှာ ယောင်လို့တောင် မဟပါဘူး။ ပေါက်ကရ ပေါက်ပန်းစေး ရေးပြီး ပြည်သူတွေကို သတင်းအဆိပ်ကျွေးတဲ့ အလုပ်ကိုတော့ စဉ်ဆက်မပြတ်လုပ်ဆောင်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဦးဆောင်တဲ့ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင် လုပ်ငန်း အဖွဲ့၏ စားပွဲတင်လေ့ကျင့်ခန်း (Table Top Exercise) လေ့ကျင့်ခန်းအစီအစဉ်မှာ လေ့ကျင့်ခန်းပါ စစ်ဆင်ရေးစီမံချက်အား မြန်မာ-ရုရှား ကိုယ်စားလှယ် အရာရှိကြီးများမှ ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာကြသည့် နိုင်ငံတကာ တပ်မတော်အရာရှိကြီးများမှ နိုင်ငံအလိုက် အလှည့်ကျ တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းစားပွဲတင်လေ့ကျင့်ခန်းသို့ ပူးတွဲဥက္ကဋ္ဌ နိုင်ငံများဖြစ်သည့် မြန်မာ၊ ရုရှားနိုင်ငံတို့နှင့်အတူ အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်ကြသည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်ဝါဒီတွေ ဒီကိစ္စနဲ့ ပတ်သက်လို့ အာသီးမယောင်ရဲဘူး။ ခေါင်းစဉ်ကိုက အကြမ်းဖက်နှိမ်နင်းရေးဖြစ်တဲ့အတွက် သူတို့ကို နှိမ်နင်းမှာကို ခေါင်းစဉ်တပ်ပြီး အာသီးမယောင်ရဲကြပါဘူး။ ပြညဖျက်မိစ္ဆာတွေရဲ့ သရုပ်မှန်အရဆိုရင်တော့ သူတို့ကို အားပေးထောက်ခံခြင်း မရှိရင် အာဆီယံအလံကိုင်ပြီး မီးရှို့ဖို့လည်း ဝန်မလေးဘူး။ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင် လုပ်ငန်း အဖွဲ့၏ စားပွဲတင်လေ့ကျင့်ခန်း (Table Top Exercise) လေ့ကျင့်ခန်းအစီအစဉ်မှာ က ပြည်ဖျက်မိစ္ဆာများဖွဲ့စည်းထားတဲ့ NUG အကြမ်းဖက်အဖွဲ့ကို အားပေးသယောင် လုပ်ခဲ့ကြတဲ့ နိုင်ငံတချို့လည်း ပါဝင်နေသလို ရုရှား၊ တရုတ်၊ အိန္ဒိယ ကဲ့သို့သော အင်အားကြီးနိုင်ငံတွေပါ စုံလင်နေတာ ဖြစ်တဲ့အတွက် ပြည်ဖျက်မိစ္ဆာတွေ နှုတ်ဆိတ်နေကြခြင်း ဖြစ်ပါလိမ့်မယ်။

အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင် လုပ်ငန်း အဖွဲ့၏ စားပွဲတင်လေ့ကျင့်ခန်း (Table Top Exercise) လေ့ကျင့်ခန်းအစီအစဉ်မှာ နိုင်ငံတကာက တပ်မတော်အရာရှိများက မြန်မာ့ တပ်မတော်အထူးတာဝန် တပ်ဖွဲ့ဝင်များမှ စွမ်းရည်သရုပ်ပြခြင်းသို့ သွားရောက် ကြည့်ရှုလေ့လာခဲ့ကြသလို တပ်မတော် စစ်သမိုင်းပြတိုက်၊ အမျိုးသားပြတိုက်နှင့် ကျောက်မျက်ရတနာပြတိုက်များသို့ သွားရောက်လေ့လာခဲ့ကြပြီး ဥပ္ပါတသန္တိစေတီတော်နှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား သွားရောက်ဖူးမြော်ခဲ့ကြပါသေးတယ်။

ယခုပြုလုပ်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းစားပွဲတင် လေ့ကျင့်ခန်းအစီအစဉ်ဟာ အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်(၇)ခုအနက် အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး (Counter Terrorism) နယ်ပယ်အတွက် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် တာဝန်ယူပြီးဆောင်ရွက်ခဲ့သည့် လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ 

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်ဝါဒီတွေရဲ့ လုပ်ကြံဖန်တီးပြောဆိုမှုတွေမှာဖြစ်စေ၊ ပြည်ဖျက်မီဒီယာတွေရဲ့ ပေါက်ပန်းစေး ရေးသားဖန်တီးဖော်ပြမှုတွေမှာဖြစ်စေ မြန်မာနိုင်ငံကိုကို ဘက်စုံခြွတ်ခြုံကျနေသယောင် ဖန်တီးဖော်ကြတာကို တွေ့ကြရပါလိမ့်မယ်။ တကယ်တန်း ခြွတ်ခြုံကျတဲ့ အခြေအနေမျိုးဖြစ်အောင် ဖန်တီးခဲ့တာက လူထုထောက်ခံမှုနဲ့ တက်လာတဲ့ NLD အစိုးရလက်ထက်မှာ ပြည်ပက ချေးငွေအမြောက်အများ ရယူပြီး တိုင်းပြည်အတွက် အကျိုးဖြစ်ထွန်းအောင် လုပ်ဆောင်ခဲ့တာကတော့ ပြစရာ မရှိပါဘူး။ လက်ရှိ နစကအစိုးရလက်ထက်မှာတော့ ယခင် NLD အစိုးရလက်ထက်က ချေးယူထားတဲ့ ကြွေးမြေတွေကို ပေးဆပ်နိုင်သည့်အပြင် စီးပွားရေးအရ ဘက်စုံတိုးတက်မှုများ ရရှိလာစေရေးအတွက် ဦးတည်ချက်၊ ရည်မှန်းချက်များကိုချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အတွက် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ကျဆင်းခဲ့သည့် စီးပွားရေးအခြေအနေမှ ရုန်းထွက် လာနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် GDP တိုးတက်မှု ၃ ဒသမ ၄ ရာခိုင်နှုန်းရရှိခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် GDP ၄ ရာခိုင်နှုန်း ခန့်အထိ တိုးတက်မည်ဟု မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေကြောင့် မြန်မာပြည်သူတွေကြားမှာ နှစ်ခြမ်းကွဲသလိုပဲ ကမ္ဘာကြီးမှာလည်း အမေရိကန်ဦးဆောင်တဲ့ မုသားအင်ပါယာနဲ့ အရှေ့အုပ်စုနှစ်ခြမ်းကွဲနေတဲ့ အခြေအနေမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ အမေရိကန်နဲ့ အဆင်မပြေတာကလွဲလို့ အခြားသော ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်တဲ့ တရုတ်၊ ရုရှား၊ အိန္ဒိယတို့နဲ့ ဆက်ဆံရေးမှာ ပိုမိုနီးကပ်လာတာကို ပြည်သူများ သိမြင်နားလည်ကြစေလိုပါတယ်။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)