MNP ၊ ဩဂုတ် ၄
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မြို့နယ်အုပ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ကျေးရွာပေါင်းစုံ အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်အားကစားကွင်း(ပေါက်ချောင်း)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဘောလုံးပြိုင်ပွဲနှင့်ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးနိုင်နှင့် ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်အားပေးသည်။
အဆိုပါဖွင့်ပွဲ အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ဘောလုံးအသင်း အားကစားသမားများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားသည်။ ဆက်လက်၍ ဘောလုံးပြိုင်ပွဲကို စတင်ကျင်းပရာ နတ်ကြီးကုန်း အသင်းအား မြင်တော်ကန်အသင်းက တစ်ဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိသွားသည်။
အဆိုပါ ကျေးရွာပေါင်းစုံ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ဘောလုံး အသင်းများကို အုပ်စု ၆ စုဖွဲ့၍ကျင်းပရာ အုပ်စု(က) သရက်ခြံ၊ နတ်ကြီးကုန်း၊ မြင်တော်ကန်၊ အုပ်စု(ခ) လူးခင်းကြီး၊ ကန်တောင်၊ သီးကုန်း၊ အုပ်စု(ဂ) ထမုန်ကန်၊ ညောင်ပင်ကုန်း၊ မွေ၊ အုပ်စု(ဃ) ဂွေးတောက်ကုန်း၊မြင်းကန်၊ ပျော်ကုန်း၊ အုပ်စု (င) မုန်တိုင်၊ တောမ၊ မကျီးချောက်၊ အုပ်စု(စ) သံဘို၊ မကျီးစု၊ ညောင်ဇောက်တို့ ပါဝင်ယှဉ်ပြိုင်ကြပြီး ၎င်းပြိုင်ပွဲအား ဩဂုတ်လ ၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ချမ်းသာ
https://t.me/MyanmarNationalPost
No comments:
Post a Comment