MNP ၊ ဩဂုတ် ၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ရေဘေးအန္တရာယ်အသိပညာပေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက် (၁၁)နာရီက ကဝမြို့နယ် အမှတ်(၅)ရပ်ကွက် မာဃလမ်း၌ ဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုဂရုဏာနာရေးကူညီမှုအသင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများဖြင့် ရေနစ်သူအားကယ်ဆယ်ပုံ၊ ရှေးဦးသူနာပြုစုနည်းများဖြင့်ပြုစုပုံ၊ နီးစပ်ရာဆေးရုံဆေးခန်းသို့ ပို့ဆောင်ပုံများကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြပြီး ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာဆိုင်ရာများ၊ ရပ်မိ၊ ရပ်ဖများက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment