ပေါက်တောမြို့၌ စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့၌ စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကွင်းဆင်းဆောင်ရွက်





MNP ၊  ဩဂုတ်  ၁၇

ပေါက်တောမြို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဥ်(၅)ရပ်၊ဦးတည်ချက်(၉)ရပ် တို့အောင်မြင်စွာ  အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တရားဥပဒေစိုးမိုးရေး၊နယ်မြေတည်ငြိမ်အေးချမ်းသာယာရေး နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းတွင် စစ်ကြောင်းကြီး( ၅)ကြောင်းအဖွဲ့သည် ကွင်းဆင်းဆောင်ရွက်ကြသည်။


ထို့သို့ ကွင်းဆင်း​ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေး ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သည့် စစ်ကြောင်းကြီး (၅) ကြောင်းအဖွဲ့သည် တောင်သူများ စိုက်ပျိုးထားသည့် မိုးစပါးများ အောင်မြင် ဖြစ်ထွန်းမှုဆင်ခုံတိုင် တံတား လမ်းနိမ့်ကျမှုအား ယာယီပြုပြင်ပြီးစီးမှု နှင့် စွန်ရဲတံတား အနီးရှိ လျှပ်စစ်တာဝါတိုင် တို့ကို  ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။


ဝင်းမင်းစိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)