ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် ပရိတ်ပဌာန်းတရားတော်များရွတ်ဖက်ပူဇော် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် ပရိတ်ပဌာန်းတရားတော်များရွတ်ဖက်ပူဇော်



MNP ၊  ဩဂုတ်  ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ဘုးရားစေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများ၌ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် ပရိတ်ပဌာန်းတရားတော်များ ရွတ်ဖက်ပူဇော်လျက်ရှိကြောင်း သိရသည်။


ဝါဆိုလပြည့်နေ့သည် သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြားဋိဟာဆိုသော ထူးမြတ်သည့် ဂုဏ်ဒြပ်လေးရပ်အပြင် ဗုဒ္ဓမြတ်စွာသည် ဘုရားဖြစ်ကြောင်းဝန်ခံသော နေ့ဖြစ်ခြင်း၊ တရားရတနာ စတင်ပေါ်ပေါက်လာသောနေ့ဖြစ်ခြင်း၊ သံဃာရတနာ စတင်ပေါ်ပေါက်လာသောနေ့ဖြစ်ခြင်း၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံလာသောနေ့ဖြစ်ခြင်း၊ မြတ်ဗုဒ္ဓ၏ ဧဟိဘိက္ခူ ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်ခြင်း စသည်ဖြင့် ထူးခြားသောဂုဏ်ဒြပ်ကိုးရပ်ရှိခြင်းကြောင့် ဝါဆိုလပြည့်နေ့သည် ထူးခြားမွန်မြတ်ခြင်းပင်ဖြစ်သောကြောင့် ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝတ်ရွတ်အဖွဲ့များမှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ  ဘုရားစေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများ၌ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် ပရိတ်ပဌာန်းတရားတော်များ ရွတ်ဖက်ပူဇော်လျက်ရှိကြောင်း သိရသည်။


ဟိန်းထက်လင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)