နိုင်ငံတကာအနုပညာဗဟိုဌာန (မန္တလေး) အဆောက်အအုံလက်ခံရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းစည်းဝေး ကျင်းပပြီး အဆောက်အအုံအား သွားရောက်စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတကာအနုပညာဗဟိုဌာန (မန္တလေး) အဆောက်အအုံလက်ခံရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းစည်းဝေး ကျင်းပပြီး အဆောက်အအုံအား သွားရောက်စစ်ဆေး


MNP ၊ ဩဂုတ် ၂၇

နိုင်ငံတကာအနုပညာဗဟိုဌာန(မန္တလေး) အဆောက်အအုံလက်ခံရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၅-၈-၂၀၂၃ ရက်နေ့က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး သုံးထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ နိုင်ငံတကာအနုပညာဗဟိုဌာန(မန္တလေး) အဆောက်အအုံ လက်ခံရေးအဖွဲ့ဝင်များ၊ အရည်အသွေးစံချိန်စံညွှန်း စိစစ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သဘောတူစာချုပ်ပါလုပ်ငန်းများ စိစစ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတကာအနုပညာဗဟိုဌာန (မန္တလေး) အဆောက်အအုံ လက်ခံရေးအဖွဲ့ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်က အမှာစကားပြောကြားရာတွင် နိုင်ငံတကာ အနု ပညာဗဟိုဌာနကို ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့တွင် တစ်ခုစီဆောက်လုပ်ခဲ့ရာ အကြမ်းထည်များပြီးစီးနေပြီဖြစ်ပါကြောင်း၊ ဆောက်လုပ်ဆဲရန်ကုန်မြို့မှ အဆောက်အအုံကို သာသနာရေးနှင့်ယဉ်ကျေးမှဝန်ကြီးဌာနကလည်းကောင်း၊ မန္တလေးမြို့မှအဆောက်အအုံကို ပြန်ကြားရေးဝန်ကြီးဌာနကလည်းကောင်းလက်ခံရယူပြီး ပြီးစီးအောင်ဆက်လက် ဆောင်ရွက်သွားရန်ရှိပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနက လွှဲပြောင်းလက်ခံရာတွင် အရည်အသွေးစံချိန်စံညွှန်းစိစစ်ရေးအဖွဲ့အနေဖြင့် တည်ဆောက်ထားသည့် အဆောက်အအုံ၏ဒီဇိုင်း၊ အတိုင်းအတာနှင့်အသုံးပြုထားသည့် ဆောက်လုပ်ရေးပစ္စည်းများသည် မူလစာချုပ်ပါ ဒီဇိုင်းနှင့်လျာထားချက်ငွေများအတိုင်း တိကျမှန်ကန်စွာဆောင်ရွက်ထားခြင်း ရှိ/မရှိ၊ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများအတိုင်းတည်ဆောက်ထားခြင်း ရှိ/မရှိ လက်ခံရန်လိုအပ်ပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများတွင် အရည်အသွေးစိစစ်ရေးအဖွဲ့ အဆင့်ဆင့် စစ်ဆေးဆောင်ရွက်ထားမှု ရှိ/မရှိ စိစစ်ပေးကြရန် ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ သဘောတူစာချုပ်ပါလုပ်ငန်းများ စိစစ်ရေးအဖွဲ့အနေဖြင့် သဘောတူစာချုပ်ပါ စည်းကမ်းများအတိုင်း ငွေပေးချေထားမှုအခြေအနေများ ထုတ်ယူရရှိသည့် ငွေကြေးများနှင့်ပတ်သက်၍ သက်ဆိုင်ရာကုမ္ပဏီက နိုင်ငံတော်သို့အခွန်ပေးဆောင်မှု အခြေအနေလုပ်ငန်းများ သတ်မှတ်ချိန်အတွင်း ပြီးစီးမှု ရှိ/မရှိ၊ ပြီးစီးမှုမရှိပါက မည်သည့်အကြောင်းကြောင်းကြောင့် ကြန့်ကြာမှုရှိခဲ့သည်တို့ကို စိစစ်ပေးကြစေလိုပါကြောင်း၊ ၎င်းစိစစ်မှုများပြီးစီးမှသာ အဆောက်အအုံကို အမြန်ဆုံးလွှဲပြောင်းလက်ခံနိုင်မည်ဖြစ်ပါကြောင်း၊ လွှဲပြောင်းလက်ခံပြီး အဆောက်အအုံပြီးစီးအောင် ဆက်လက်ဆောက်လုပ်ရမည့် လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ စိစစ်ရေးအဖွဲ့များအနေဖြင့် တိတိကျကျ မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန်စိစစ်ပေးကြစေလိုပါကြောင်းနှင့် လက်ခံပြီးပါက တည်ဆောက်ရေးဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ အတွင်းရေးမှူး ဦးအေးကြွယ်တို့က ဆက်လက်ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေး ကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အဆောက်အအုံလက်ခံရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ် ၇၃ လမ်းပေါ်ရှိ နိုင်ငံတကာအနုပညာဗဟိုဌာန (မန္တလေး) အဆောက်အအုံကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)